BEC-TERO TV

နေမာက အဓမ္မပြုကျင့်ခဲ့တယ်လို့ တိုင်းတန်းခဲ့တဲ့ မိန်ကလေးက ဗီဒီယိုတွေနဲ့တကွ ဖွင့်ချ

06 Jun 2019     2,654 Views


ပီအက်စ်ဂျီ အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့မေလအတွင်း ပါရီမြို့ရှိ ဟိုတယ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထား ရပါတယ်။ အခု အဓမ္မပြုကျင်ခံထားရတယ်ဆိုတဲ့ မိန်းကလေးဟာ ဘရာဇီးရုပ်သံလိုင်း တစ်ခုမှာ မှာ ဗီဒီယိုတွေနဲ့ တကွ ဖွင့်ချ လိုက်ပြီ ဖြစ်ပါတယ်။

နေမာက အသက် ၂၆ နှစ်အရွယ် မန်းဒက်ဒီ ဆောဆာ ဆိုတဲ့ မိန်းကလေး နဲ့ Instagram မှတစ်ဆင့် မက်ဆေ့ အပြန်အပြန်လှန်ပို့ပြီး တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြပါတယ်။ ထိုနောက် တစ်ယောက်နဲ့ ရင်နှီးခဲ့ပြီး ဒိတ်ဖို့ ဖြစ်လာခဲ့ပါတယ် ။  နေမာက ပါရီမြို့မှာ သူနဲ့ တွေ့ ဖို့အတွက် လေယာဉ်လက်မှတ် အပြင် ဟိုတယ်အခန်းကို ငှားပေးခဲ့တယ် လို့ဆိုပါတယ် ။ ထို့နောက် နေမာ နှင့် သူမ ဒိတ်ခဲ့ကြပြီး ဟိုတယ်တစ်မှာ လိင်ဆက်ဆံ သဘောတူညီမှုရခဲ့တယ်လို့ ပြောပါတယ်။

မေ ၁၅ ရက်နေ့က ဟိုတယ်အခန်းမှာ နှစ်ဦးသဘောတူ ဒိတ်ခဲ့ကြပြီး ဟိုတယ်ခန်းမှာ သူမက “ သူကို (နေမာ) ကွန်ဒုံး ယူလာသလား လို့ မေးလိုက်တဲ့အချိန်မှာ သူက တစ်ခွန်းမှ ပြန်မဖြေခဲ့ပါဘူး။ သူက ကွန်ဒုံးလည်း ယူမလာခဲ့ဘူးလို ဆိုပါတယ်။ ဒါကြောင့် ကျွန်မ ဒေါသထွက်ခဲ့ရပါတယ်။ ဒါကိုငြင်းဆန်ခဲ့ပြီး ရပ်မယ် ရပ်မယ် ဆက်မလုပ်ဘူးနော် လို့ ပြောခဲ့ပေမယ့် သူက နားမထောင်ခဲ့ပါဘူး ၊  ကျွန်မကို ခန္ဓာကိုယ်ကို နာကျင်အောင် တွန်းထိုး ကန်တောက်ခဲ့ပါတယ်လို့ “ ဆောဆာက ပြောပါတယ်။

အဆိုပါလုပ်ရပ်ကြောင့် သူလုပ်ခဲ့တာအတွက် ပေးဆပ်ဖို့ ကျွန်မလိုချင်ပါတယ် ။ ဒါ့ကြောင့် တိုင်တန်းခြင်း ဖြစ်ပါတယ်လို့ ထွက်ဆိုပါတယ်။  နေမာကတော့ စွပ်စွဲသူနဲ့ ပြင်သစ်တွင် မမျှော်လင့်ပဲ တွေ့ဆုံခဲ့တာဖြစ်ပြီး ဘာမှ မှားယွင်းတဲ့အလုပ်မျိုး မလုပ်ခဲ့ကြောင်း အင်စတာဂရမ်မှာ Live လွှင့် ငြင်းဆိုထားခဲ့ပါတယ်။ 

 


06 Jun 2019     2,654 Views




RELATED

Most Popular of Football

Most Popular of Sport