BEC-TERO TV

အမှတ်တရဓါတ်ပုံရိုက်တုန်း အခွင့်အရေး အမိအရယူလိုက်တဲ့ မျောက်ဆိုးလေး (ရုပ်သံ)

07 Jun 2019     1,513 Views


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို လာလည်တဲ့ ဧည့်သည်အမျိုးသမီးတစ်ဦးဟာ လက်ဆော့တတ်တဲ့ မျောက်တစ်ကောင်ကြောင့် အရှက်ရခဲ့ပါတယ်။ မျောက်နဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ခံနေစဉ်မှာ ရုတ်တရက်မျောက်က သူ့ရဲ့ အင်္ကျီကို ဆွဲချွတ်ချလိုက်တာ ခံလိုက်ရပါတယ်။
 
နယူးဇီလန်နိုင်ငံက Sarah Wijohn ဟာ မေလ ၂၉ ရက်နေ့က သူမရဲ့ ၂၁ နှစ်မြောက်မွေးနေ့ အမှတ်တရ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက သစ်တောထဲကို ဆွေမျိုးတွေနဲ့ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
 
ဆွေးမျိုးတော်စပ်သူတစ်ဦး ရိုက်ကူးထားပေးတဲ့ရုပ်သံမှာ Sarah က သစ်သားခုံတန်းလျားလေးမှာ ထိုင်နေတုန်း မျောက်တစ်ကောင်က သူမရဲ့ ပေါင်ပေါ်ကို ခုန်တက်လာပါတယ်။ အဲဒီအချိန်မှာ အမိအရဓါတ်ပုံရိုက်ဖို့ ပိုစ့်ပေးနေတုန်း မျောက်က လှုပ်လှုပ်ရွရွလုပ်နေပြီးနောက် သူမရဲ့ အင်္ကျီကို ရုတ်တရက်လက်နဲ့ ဆွဲချွတ်ချလိုက်တာကို ခံလိုက်ရတာဖြစ်ပါတယ်။
 
 
ဒါပေမယ့် Sarah က ခပ်မြန်မြန် တားဆီးနိုင်ခဲ့တဲ့အတွက် အရှက်တကွဲအကျိုးနဲ မဖြစ်ခဲ့ပါဘူး၊ ရုပ်သံမှာ ရှက်ပြီး ရယ်သွမ်းသွေးနေတဲ့ Sarah ကို တွေ့မြင်ကြရပါတယ်။ ဘာလီကျွန်းက မျောက်တွေဟာ လူတွေကို ယဉ်ပါးပြီး မကြောက်ရွံပဲ လူတွေကြားထဲ သွားလာနေကြကာ ဦးထုတ်၊ ကင်မရာ စတဲ့ ပစ္စည်းတွေကိုလည်း မကြာခဏ လုယူပြေးတတ်ကြလို့ ဘာဘီကျွန်း သွားလည်ရင် မျောက်လေးတွေကို သတိထားကြပါနော်..။ 
 

07 Jun 2019     1,513 Views




RELATED

Most Popular of Special or Others

Most Popular of NEWS