BEC-TERO TV

လီဗာပူးလ် ၊ ဗလင်စီယာ အသင်းတွေနဲ့ယှဉ်ယှဉ်ပြီး လှောင်ပြောင်ခံနေရတဲ့ မက်စီ

07 Jun 2019     1,297 Views


အာဂျင်တီးနားတိုက်စစ်မှူး မက်စီဟာ သား ၃ ယောက်ရှိပြီး ပျော်ရွင်စရာ မိသားစုဘဝ ကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မကြာသေးမှီက မက်စီဟာ သူရဲ့ သားတွေဟာ ဘောလုံးကို စိတ်ဝင်စားတဲ့ သူတွေဖြစ်ကြောင်း ထုတ်ဖော်ပြောလာပြီး အိမ်မှာဆိုရင် ကျွန်တော်ကို နိုင်တဲ့ အသင်းတွေနဲ့ အမြဲလှောင်ပြောင်ခံရပါတယ် လို့ပြောပါတယ်။

“ကျွန်တော့ သားတွေက ဘောလုံးကို ချစ်ပါတယ်။သားအကြီး တီယာဂို က ဘောလုံးပွဲတွေကို အလွတ်မပေးဘဲ အမြဲကြည့်လေ့ရှိပါတယ်။ အိမ်မှာဘောလုံးကစားရင် အလတ်ကောင် မက်တီယို လီဗာပူးလ် ၊ လီဗာပူးလ် တဲ့ဗျာ ၊ ဗလင်စီယာ ကွ လို့လည်းပြောသေးတယ်။ ကျွန်တော့ နိုင်တဲ့ အသင်းတွေပေါ့၊ မက်တီယိုဟာ ရီးရဲလ်ပရိတ်သတ်တစ်ဦးဖြစ်နေပါတယ် ၊ ရီးရဲလ်အသင်း ဂိုးသွင်းချိန်ဆို သူအကိုကို မခံချင်အောင် ချီးယား ချီးယား နဲ့ လိုက်စတယ်လေ” လို့မက်စီက TyC Sports ကို ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ဗလင်စီယာ ကိုလည်း ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး ဖလားတစ်လုံးဆုံးရှုံးခဲ့ရပါတယ်။

မာတီယိုဆိုရင် မက်ဆီက မက်ဆီက သူ့သားအလတ်ဟာ ရီးရဲလ်ပရိသတ်လို့ ပြောကြားခဲ့ပြီးနောက် ရီးရဲလ်နောက်ခံလူဟောင်း အာဘီလိုအာက ရီးရဲလ်ဟာ မာတီယိုလေးကို ခေါ်သင့်ကြောင်း Twitter စာမျက်နှာကနေ အကြံပေးလိုက်ပါတယ်။

မက်စီဟာ ဘလွန်းဒီအောဆု ၅ ကြိမ်တိုင်ရရှိထားပြီး ဒီနှစ်မှာလည်း ရရှိဖို့ရေပန်းစားဆုံးစာရင်းမှာပါဝင်နေပါတယ် ။ဘောလုံးပါရမီရှင် မက်စီလိုပဲ သားတွေဖြစ်ကြတဲ့ တီယာဂို ၊မက်တီယို ၊ ကိုင်ရိုတို့ဟာ အဖေခြေရာနင်းနိုင်တဲ့ ကစားသမားတွေ ဖြစ်လာကြမလား ဆိုတာ စောင့်ကြည့်သွားရပါ့မယ်။

 

 


07 Jun 2019     1,297 Views




RELATED

Most Popular of Football

Most Popular of Sport