BEC-TERO TV

၇ နှစ်အရွယ်ကလေး ကားနောက်ဖုံးထဲဝင်ကစားရာမှ ပိတ်မိပြီးသေဆုံး

07 Jun 2019     1,632 Views


အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးဟာ ကားပါကင်မှာ ရပ်နားထားတဲ့ မိသားစုပိုင်ကားတစ်စီးရဲ့ အနောက်ဖုံးထဲကို ဝင်ပြီးကစားရာမှ နာရီပေါင်းအတော်ကြာ ပိတ်မိခဲ့ပြီး အသက်ရှု မွမ်းကြပ် ပူလောင်တဲ့ ဒဏ်တွေနဲ့ သေဆုံးခဲ့ရမှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။
 
 
စီစီတီဗီရုပ်သံအရ ကလေးဟာ ကားပါကင်မှာ ရပ်ထားတဲ့ ဆလွန်း အမျိုးအစား ကားအဖြူရောင်နားကို ချဉ်းကပ်သွားပြီး ကားတံခါးတွေကို လိုက်ဖွင့်ကြည့်ခဲ့ပါတယ်၊ ကားတံခါးတွေ သော့ပိတ်ထားလို့ ဖွင့်မရပေမယ့် ကားနောက်ဖုံး ပစ္စည်းတွေထားတဲ့အဖုံးက သော့မပိတ်ပဲ ပွင့်လာတာကိုတွေ့ရပါတယ်။ 
 
ကလေးဟာ နောက်ဖုံးထဲကို ဝင်ဆော့ပြီး အဖုံးကို ပိတ်မိသွားတဲ့အတွက် ပြန်ထွက်လို့ မရတော့ပါဘူး။ အဲဒီအချိန် ရာသီဥတုကလည်း အပြင်မှာ အပူချိန် ၃၇ ဒီရဂီစင်တီဂရိတ်လောက် ရှိနေတာမို့ ကလေးဟာ ကားထဲမှာ နာရီပေါင်းအတော်ကြာ ပိတ်မိပြီး အသက်ရှုမွမ်းကြပ်နေခဲ့ပါတယ်။
 
 
တချိန်ထဲမှာပဲ မိဘတွေကလည်း ကလေးပျောက်လို့ နေရာအနှံလိုက်ရှာပြီး မတွေ့တော့တဲ့အဆုံး ရဲစခန်းမှာ တိုင်ချက်ဖွင့်နေတဲ့အချိန်ဖြစ်ပါတယ်။ ရဲတွေက အိမ်အနီးနားမှာ တပ်ဆင်ထားတဲ့ စီစီတီဗီတွေကို စစ်ဆေးကြည့်တော့မှ ကလေးဟာ သူတို့ရဲ့ကားနောက်ဖုံးထဲဝင်သွားတာကို မြင်တွေ့လိုက်ရပါတယ်။ သိလိုက်တဲ့အချိန်မှာ နာရီပေါင်းအတော်ကြာနေခဲ့ပါပြီ။
 
 
ကလေးကို ချက်ခြင်း ကားနောက်ဖုံးထဲကနေ သွားကယ်ခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပြီး ကလေးဟာ အသက်ရှုမွမ်းကြပ် ပူလောင်အိုက်စပ်မှုတွေနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ တရုပ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဆူးပြည်နယ် ဟွေအန်းမြို့မှာ ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

07 Jun 2019     1,632 Views




RELATED

Most Popular of Special or Others

Most Popular of NEWS