BEC-TERO TV

နိုင်ငံခြားသားတစ်ယောက်လို အင်္ဂလိပ်စကား ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်တာကြောင့် ချီးကျုးခံနေရတဲ့ ချွဲဝူရှစ်

07 Jun 2019     1,511 Views


ကိုးရီးယားသရုပ်ဆောင် ချွဲဝူရှစ်ဟာဆိုရင် ခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေထက် ရုပ်ရှင်ကားတွေကိုပဲ ဦးစားပေးရိုက်ကူးလျက်ရှိနေပါတယ်။ သူဟာ Train To Busan ရုပ်ရှင်ကားကြီးမှာလဲ အထက်တန်းကျောင်းသားလေး တစ်ယောက်အနေနဲ့ ပါဝင်ဖူးပါတယ်။ လတ်တလော မင်းသားဟာ Parasite မှာပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ကာရိုက်တာကြောင့် လူတွေစိတ်ဝင်စား အလေးထားစောင့်ကြည့်ခြင်းကို ခံနေရပြီပဲဖြစ်ပါတယ်။ ဒီနှစ်တွေမှာ မင်းသားဟာ ရုပ်ရှင်တွေသာ ဆက်လက်ရိုက်ကူးနေခဲ့တာပါ။ ၂၀၁၈ မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ The Witch ရုပ်ရှင်ကားမှာဆိုရင် ထက်မြက်တဲ့အသွင်ဆောင် လူတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး သူပြောသွားတဲ့ အင်္ဂလိပ်အသံထွက်စကား ကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ ချွဲဝူရှစ်တစ်ယောက် The Witch ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ အင်္ဂလိပ်စကားကို ဘယ်လိုပြောသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ချွဲဝူရှစ်တစ်ယောက် အင်္ဂလိပ်ကို ကျွမ်းကျင်ပိုင်နိုင်ရခြင်းအကြောင်းအရင်းကတော့ သူဟာ ငယ်ငယ်တုန်းက ကနေဒါနိုင်ငံမှာ ကြီးပြင်းခဲ့ပြီး ကိုးရီးယားနိုင်ငံသားမဟုတ်ပဲ ကနေဒါနိုင်ငံသားအဖြစ် ခံယူထားသူတစ်ဦးပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ ဝါသနာအရ သရုပ်ဆောင်ဖြစ်ဖို့ စိတ်အားထက်သန်ခဲ့ပြီး တောင်ကိုးရီးယားကို ပြန်လာကာ မင်းသားတစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ချွဲဝူရှစ် အင်္ဂလိပ်စကားပြောတဲ့ လေယူလေသိမ်းဟာ အပိုအလိုမရှိပြီးပြည့်စုံနေတာကိုတွေ့ရမှာပါ။ ကနေဒါ နိုင်ငံသား၊ ကိုးရီးယားလူမျိုး တစ်ယောက်အနေနဲ့ ချွဲဝူရှစ် The Witch ရုပ်ရှင်ကားကြီးမှာ ဘယ်လို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်တယ်ဆိုတာ သိရှိဖို့ပိုပိုလေးနဲ့အတူ ကြည့်ရှုလိုက်ကြရအောင်။

Source-koreaboo

(ပိုပိုလေး)

 


07 Jun 2019     1,511 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS