BEC-TERO TV

၁၀ တန်း ကျရှုံးတဲ့အထိမ်းအမှတ်နဲ့ အလှူပွဲကျင်းပ

10 Jun 2019     2,016 Views


သတင်းခေါင်းစဉ်ကို ဖတ်ပြီး ဒါဟာ စတန့်ထွင်တယ်လို့ ယူဆမိကောင်းမိသွားပါလိမ့်မယ် ဒါပေမယ့် တစ်ကယ်တော့ သားသမီးအပေါ်ထားတဲ့ အနှိုင်းအဆမဲ့ မိဘမေတ္တာကို ပြသလိုက်ခြင်းသာဖြစ်ပါတယ်။ခေတ်တွေစနစ်တွေ ပြောင်းလဲလာတာနဲ့အတူ ယနေ့ခေတ်မိဘတွေရဲ့ သားသမီးတွေအပေါ် ထားတဲ့ သဘောထားအမြင်နဲ့ မေတ္တာတရားတွေဟာလည်း ပိုမိုကြီးမားမြင့်မြတ်လာပါတယ်။
 
ဆယ်တန်းကျရှုံးခဲ့တဲ့ သားသမီးကို အပြစ်တင်ဆူပူပြောဆိုပြီး စိတ်ဓါတ်တွေ ပိုကျစေမယ့်အစား ဘဝမှာ အမှတ်တရဖြစ်သွားအောင် ဆယ်တန်းကျရှုံးခြင်း အထိမ်းအမှတ်အဖြစ် အလှူပွဲလုပ်ပြီး သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးခဲ့ပါတယ်။
 
 
မကွေးတိုင်းဒေသကြီး ၊ စလင်းမြို့နယ် ၊ စည်ဆွဲရွာ မှ ကိုမျိုးဝင်း + မဥမ္မာဝင်း တို့၏ သား မောင်မျိုးကျော်ဦး ဆယ်တန်းကျရှုံးခြင်းအပေါ် မိဘများမှ ဆူပူ အပြစ်တင်ခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် စည်ဆွဲရွာသူ ရွာသားများအား ထမင်းအာဟာရကျွေးမွေးခြင်း ၊ထန်းရည် ၊ ကြက်သားဂွေးတောက်ဟင်း ၊ ပဲကြော်လ္ဘက်သုပ်များဖြင့် စည်စည်ကားကား ကျွေးမွေးဧည့်ခံပြီး သားဖြစ်သူအား နှစ်သိမ့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ 
 
 
မိဘတွေက သားဖြစ်သူကို စကားတစ်ခွန်းနဲ့ပဲ အားကေးခဲ့ပါတယ် "ဒီနှစ်ကျရှုံးခြင်းဟာ နောက်နှစ်အောင်မြင်ဖို့အတွက် ကြိုတင်လေ့ကျင့်တယ်လို့ မှတ်လိုက်ပါ သားရယ်"တဲ့..။
 
သတင်း/ဓါတ်ပုံ - ကိုမျိုး

 


10 Jun 2019     2,016 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS