BEC-TERO TV

ဆယ်ကျော်သက်လေးကို လှပနုပျိုနေတဲ့ အသက် ၅၀ နီးပါး မိခင်ရဲ့ လျှိုဝှက်ချက်

10 Jun 2019     1,559 Views


နုဖတ်နေတဲ့ မျက်နှာနဲ့ အချိုးအစားကျနေတဲ့ ခန္ဓာကိုယ်ကြောင့် သူမရဲ့ အသက် ၄၇ နှစ် ဆိုတာ ချက်ချင်းယုံကြည်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ကိုရီးယားရုပ်သံရဲ့ သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ ‘လီယောင်အေး(Lee Young-ae)’ ဟာ အသက် ၄၇ နှစ်အရွယ် ရက်ရက်စက်စက် အရွယ်တင် နုပျိုနေဆဲဖြစ်ပါတယ်။ 
 
 
သူမဟာ အခုအသက်ရွယ်ထိ အလှပဆုံး စွဲဆောင်မှုအရှိဆုံး ဆယ်လီ အယောက် ၂၀ ထဲမှာ နံပါတ် ၂ နေရာကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ သူမရဲ့ အသားအရေနဲ့ မျက်နှာဟာ ၂၀၀၃ ခုနှစ်က သူမပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ ‘Dae Jang Geum’ ထဲကလိုပဲ နောက်ထပ် ၁၅ နှစ်ဝန်းကျင် ကြာတဲ့ထိ နုပျိုမှုက ပြောင်းလဲမသွားပါဘူး။
 
 
များသောအားဖြင့် အခုလို လေးဆယ်ကို တော်တော်ကျော်နေတဲ့ အသက်အရွယ်တွေမှာ သဘာဝအရဖြစ်ပေါ်လာတဲ့ အစက်အပျောက်၊ အရေးအကြောင်းတွေ မျက်နှာပေါ်မှာ ဘာတစ်ခုမှမရှိပဲ ပြစ်မျို့မှဲ့မထင် နုပျိုလှပနေတဲ့ လျှို့ဝှက်ချက်တွေတော့ရှိပါတယ်။ 
 
သူမဟာ အမွှာကလေးနှစ်ယောက်မိခင်ဖြစ်ပြီး အနုပညာအလုပ်နဲ့ အိမ်ရှင်မ မိခင်ဘဝနှစ်ခုကြားမှာ ရုန်းကန်လှုပ်ရှားရင် သူမရဲ့ အလှအပကိုလည်း ကောင်းကောင်းကြီး ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
 
 
ဒီလျှိုဝှက်ချက်တွေကို ‘လီယောင်အေး’ က ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ တစ်ကယ်တော့ ဘာမှမခက်ခဲလှတဲ့ အချက်တွေ ဖြစ်ပါတယ်။ သူမအမြဲတမ်း အသုံးပြုတဲ့ နည်းလမ်းတစ်ခုခြင်းစီကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
 
၁။ စပျစ်သီးကို မဖြစ်မနေစားပါ
 
အသီးအနှံတွေထဲမှာ ‘လီယောင်အေး’ အကြိုက်ဆုံးက စပျစ်သီးပါ။ ဒါကြောင့်မို့ မကြာခဏဆိုသလို စားဖြစ်ပါတယ်။ စပျစ်သီးဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အင်တီအောက်ဆီဒင့်၊ ဗီတာမင်တွေနဲ့ သဘာဝအဟာရတွေ ကွယ်ဝစွာပါဝင်လို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။
 
စပျစ်သီကို မကြာမကြာစားပေးခြင်းဖြင့် အကွက်ထခြင်း၊ အရေးအကြောင်းထင်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်း စတဲ့ အရေပြားပြသနာတွေကို တာဆီးနိုင်ပြီး သန့်စင်ကြည်လင်တဲ့ အသားအရေကို ထိန်းသိမ်းနိုင်လို့ ငယ်ရွယ်နုပျိုစေပါတယ်။
အင်တီအောက်ဆီဒင့် များများရှိလေလေ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို များများထုတ်ပေးနိုင်ပြီး အသားအရေအတွက် ဆဲလ်အသစ်တွေကို များများထုတ်လုပ်ပေးနိုင်ပါတယ်။
 
စပျစ်စီးကို လက်တစ်ခုပ်စာ တစ်ပတ်လျှင် နှစ်ကြိမ်ကနေ သုံးကြိမ်လောက်ထိ မှန်မှန်စားပေးသင့်ပါတယ်။ အနက်ရောင်စပျစ်သီးကတော့ ကျန်းမာရေးအတွက်ပါ အကောင်းဆုံးဖြစ်ပါတယ်။
 
၂။ Green Tea ပုံမှန်သောက်ပါ
 
 
လီယောင်အေး’ က Green Tea ကို အနှစ် ၂၀ လုံး မပျက်မကွက် နေ့စဉ်ပုံမှန်သောက်ခဲ့တယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အသားအရေနူးညံ့ပြီး အစက်အပျောက်လေး တစ်ခုတောင် မရှိပဲ ကင်းစင်ကြည်လင်နေပါတယ်။
 
Green Tea မှာ စွမ်းအားမြင့်တဲ့ အင်တီအောက်ဆီဒင့် အလျှံအပယ်ပါတဲ့အပြင် ယောင်ရမ်းခြင်းမဖြစ်စတေဲ့ ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် အသားအရေမှာ အရေးအကြောင်းတွေ အစက်အပျောက်တွေ မဖြစ်စေပါဘူး။
 
သုတေသနစမ်းသက်ချက်အရ Green Tea ဟာ ခန္ဓာကိုယ်အတွက် အားသစ်လောင်းဖို့ အကောင်းဆုံး သောက်သုံးဖွယ်ရာဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ ပြသနိုင်ပြီဖြစ်လို့ လူအတော်များများ သောက်သုံးနေကြပါပြီ။ Green Tea ဟာ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း များစွာအထောက်အကူပြုပါတယ်။
 
 
၃။ စွန်ပလွန်သီးပြုတ်ရည်သောက်ခြင်း
 
 
အနီရောင်ရှိတဲ့ စွန်ပလွန်သီးခြောက်ကို ရေနွေးပူပူမှာ နှပ်ထားပြီး သောက်ရတာကိုလည်း ‘လီယောင်အေး’ အလွန်နှစ်သက်ပါတယ်။ စွန်ပလွန်သီးကို အချို့သော တရုပ်ဟင်းလျာတွေမှာ ထည့်ပြီးချက်ပြုတ်တာ တွေ့ရတတ်ပါတယ်။
 
အသားအရေ ခြောက်သွေ့လာသလို၊ ယားယံလာသလို ခံစားရတဲ့အခါတိုင်း စွန်ပလွန်သီး ရေနွေးသောက်ဖြစ်တယ်လို့ ‘လီယောင်အေး’ က ဆိုပါတယ်။ အာနိသင်ကတော့ အသားအရေကို  နှင်းဆီဖူးရောင် သန်းပြီး ဝင်းလက်တောက်ပစေပါတယ်။
 
အနီရောင်စွန်ပလွန်သီးမှာ ဗီတာမင်စီ နဲ့ အင်တီအောက်ဆီဒင့် များစွာပါဝင်ပြီး အသားအရေ တင်းရင်းမှုကို အားပေးပါတယ်။ ဒါ့အပြင် သံဓာတ်လည်း ပါဝင်တာကြောင့် သွေးနီဥတွေမအတွက် အားဖြည့်နိုင်ပါတယ်။
 
အသားအရေကြည်လင်းဝင်းပဖို့ဆိုတာ ခန္ဓာကိုယ်မှာ သန့်စင်တဲ့ သွေးစီးဆင်းနေမှုက အဓိကကျပါတယ်။ ဒါကြောင့်မို့ အာရှနိုင်ငံတွေမှာဆိုရင် မိခင်တွေက ပျိုဖော်ဝင်လာတဲ့ သမီးတွေကို ဓမ္မတာစလာပြီးတဲ့ အချိန်မှာ စွန်ပလွန်သီးရေနွေးတိုက်ကျွေးတဲ့ အလေ့အထ ရှိပါတယ်။
 
စွန်ပလွန်သီးရေနွေး လုပ်ဖို့ဆိုရင် ဦးစွာ သောက်ရေခွက် ၄ ခွက်စာခန့် ဆူအောင်ကြိုပါ။ အဲဒီနောက် စွန်ပလွန်သီး ၈ လုံး ၁၀ လုံးခန့်ယူ အစေ့ဖယ်ပါ၊ Goji ဘယ်ရီသီးခြောက်လေးတွေနဲ့ ရောထည့်ပြီ ဆူနေတဲ့ ရေထဲမှာ နောက်ထက် ၁၀ မိနစ်ခန့် ထည့်ကြိုပါ။ အဲဒီနောက် သကြားညို အနည်းငယ်ထည့်ပြီး ပူပူနွေးနွေး အနေအထားနဲ့ သုံးဆောင်ရမှာဖြစ်ပါတယ်။
 
 
၄။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
 
 
အရွယ်တင်နုပျိုစေဖို့ဆိုရင် အစားအသောက်အပြင် ကျန်းမာရေးလေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဖို့ အရေးကြီးတယ်လို့ ‘လီယောင်အေး’ က ဆိုပါတယ်။ သူမအကြိုက်ဆုံး ကတော့ မြင်းစီးတာနဲ့ ရေကူးတာဖြစ်ပါတယ်။
 
ရေးကူးတာက ရေကူးတတ်သူတွေအတွက် အဆင်ပြေပေမယ့် မြင်းစီးအားကစားကိုတော့ လူတိုင်လက်လှမ်းမီနိုင်မယ်မထင်ပါဘူး။ ဒါကြောင့်မို့  Jogging လို့ ခေါ်တဲ့ ဖြေးဖြေးမှန်မှန် ပြေးတဲ့ အားကစားနည်းက ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေပြီး မသန့်ရှင်းတဲ့ အဆိပ်တွေက ချွေးအဖြစ် ထွက်သွားတာကြောင့် အသားအရေ ကြည်လင်ဝင်းပပြီး အရွယ်တင်မှုကို အထောက်အကူများစွာဖြစ်စေပါတယ်။
 
 
တစ်ကယ်တော့ နုပျိုလန်းဆန်းမှုဆိုတာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ နတ်ရေကန်ထဲချလိုက်သလိုမျိုး ကြိုးစားအားထုတ်မှုမရှိပဲနဲ့လဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပုံစံကို ပြုပြင်ရမှာဖြစ်သလို ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကိုလည်း အမြဲမပြတ် လိုက်စားသင့်ကြောင်း ဖော်ပြအပ်ပါတယ်။
 
(ပိုပိုလေး)
 

10 Jun 2019     1,559 Views




RELATED

Most Popular of Health Fix

Most Popular of Life Style