ပေါ့ဘာကို ခေါ်ယူဖို့ ကစားသမား ၅ ဦးအထိရောင်းထုတ်ဖို့ရှိတဲ့ ဂျူဗင်တပ်စ်
11 Jun 2019 1,555 Views

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းမှကစားသမား ၅ ဦးရောင်းထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းက ပေါ့ဘာအပြင် နည်းပြနေရာအတွက် ချဲလ်ဆီးနည်းပြ ဆာရီကိုပါ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
မန်ယူအသင်းက ပေါ့ဘာကို ၂၀၁၆ ခုနှစ်က စံချိန်တင်ပြောင်းရွေ့ ကြေး ပေါင် ၈၉ သန်းဖြင့် ဂျူဗင်တပ်စ်အသင်းမှ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခု ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်းက ကန်ဆယ်လို ၊ ကော်စတာ ၊ ကွာဒရာဒို ၊ မန်ဇူကစ် စတဲ့ ကစားသမားကောင်းတွေလည်း အရောင်းစာရင်းမှာ ပါဝင်နေပါတယ်။
.jpg)
ပေါ့ဘာဟာ မန်ယူအသင်းကိုမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုံးကန်နေရတာကြောင့် အသင်းပြောင်းရွေ့ ချင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ မန်ယူအသင်းက နောက်နှစ်မှာ ချန်ပီယံလိဂ် ကန်ခွင့်ရမှာ မဟုတ်တဲ့ကြောင့် အဆိုပါ ပြင်သစ်သားဟာ အသင်းမှ ထွက်နိုင်တယ်ဆိုတဲ့ သတင်းတွေက ပိုပြီး ကျယ်လှောင်စေခဲ့ပါတယ်။
.jpg)
“ပေါ့ဘာဟာ မန်သူအတွက်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ။ သူဟာ ကျွန်တော်တို့ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်အထိ ကျန်ပါသေးတယ်” လို့ မန်ယူအသင်း အမှူဆောင်ချုပ် အက်စ် ဝုက် က ပြောပါတယ်။
ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲလ်မက်ထရစ် ကလည်းစိတ်ဝင်စားနေပြီး မြင့်မားတဲ့ ပြောင်းရွေ့ ကြေးက အဟန့်အတား တစ်ခုဖြစ်နေပါတယ်။ ပေါ့ဘာဟာ မနှစ်က မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ ပါတယ်။






