BEC-TERO TV

ဖုန်းသူခိုးလို့ စွပ်စွဲခံထားရတဲ့ ထိုင်းအဆိုတော် မိမိကိုယ်ကို အဆုံးစီရင်

12 Jun 2019     1,948 Views


သူမရဲ့ ထူးခြားလှပတဲ့အသွင်အပြင်ကြောင့် ထိုင်းလူမှုကွန်ယက်ဖေ့စ်ဘွခ်မှာ ထင်ရှားလာပြီး အဆိုတော်ဟောင်း တစ်ယောက်လည်းဖြစ်တဲ့ ‘အရန်နီထိုင်းနာဝါ’ (၃၂)နှစ်ဟာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက သူမရဲ့ နေအိမ် ကားဂိုဒေါင်ထဲက ဆလွန်းကားထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
 
‘ထိုင်းနာဝါ’ ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ဈေးဝယ်စင်တာတစ်ခုက ဖုန်းအရောင်းဆိုင်ကနေ iPhone ခိုးယူမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ လန်ပန်းဈေးဝယ်စင်တာမှာရှိတဲ့ ဖုန်းဆိုင်ပိုင်ရှင်က သူမဖုန်းခိုးယူသွားတဲ့စီစီတီဗီရုပ်သံကို လူမှုကွန်ယက်ပေါ် မတ်လ ၄ ရက်နေ့က အားလုံးသိအောင် လွှင့်တင်ခဲ့ပါတယ်။
 
 
အဲဒီနောက်မှာတော့ သူမရဲ့ မိဘတွေက စီစီတီဗီထဲက အမျိုးသမီးဟာ ‘ထိုင်းနာဝါ’ ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး အဲဒီအချိန်က သူမစိတ်ဖိစီးမှုတွေများနေခဲ့တာကြောင့် စိတ်မတည်ငြိမ်မှုကြောင့် အခုလိုဖုန်းခိုးယူတဲ့ထိ ဖြစ်ခဲ့တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
 
 
ရဲတွေက သူမရဲ့အလောင်းကို တနင်္လနေ့ နံနက် ၆ နာရီခွဲလောက်က ကားနောက်ခန်းထဲမှာ တွေ့ခဲ့ရပါတယ်။ ကားထဲမှာ မီးလောင်လက်စ မီးသွေးမီးဖိုတစ်လုံးကိုလည်း တွေ့ခဲ့ရပြီး ‘ထိုင်းနာဝါ’ ဟာ ကားထဲမှာ မီးခိုးမွှန်ပြီးသေအောင် သူ့ကိုယ်သူသေကြောင်းကြံစည်ခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ရဲတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ဟာ သူမအနေနဲ့ ဖုန်းခိုးမှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ့်နေ့လည်းဖြစ်ပါတယ်။
 
‘ထိုင်းနာဝါ’ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း စိတ်ကျရောဂါခံစားခဲ့ရပြီး ဘန်ကောက်မြို့မှာရှိတဲ့ ရာမထိုင်းဘိုဒီ ဆေးရုံမှာ ပထမဆုံး ဆေးကုသခဲ့ရပြီးနောက် ချင်းမိုင်မှာရှိတဲ့ စွန်ပရွန်းဆေးရုံကို ထပ်မံလွှဲပြောင်းပြီး ကုခဲ့ရကြောင်း သူမရဲ့ ဦးလေးဖြစ်သူက ပြောဆိုခဲ့ပါတယ်။

 


12 Jun 2019     1,948 Views




RELATED

Most Popular of International News

Most Popular of NEWS