BEC-TERO TV

ထောပတ်သီးတစ်လုံးနဲ့ ဘဏ်နှစ်ခုကို အောင်မြင်စွာ ဓါးပြဝင်တိုက်

13 Jun 2019     1,547 Views


ဘဏ်ကို ဓါးပြတိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး၊ ကြိုတင်ပြင်ဆင်မှုတွေ ထွက်ပြေးရမယ့်လမ်းကြောင်းတွေ အစီစဉ်တွေကို ကြိုချထားတာတောင်မှ လွဲချော်မှုရှိရင် ဖမ်းခံရနိုင်ပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံက အမျိုးသားကတော့ ထောပတ်သီးတစ်လုံးထဲနဲ့ ဘဏ်နှစ်ကို တစ်ကိုယ်တော် ဓါးပြဝင်တိုက်နိုင်ခဲ့ပါတယ်။
 
အသက် ၄၇ နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ မေလ အလယ်လောက်မှာ Big Beersheba စျေးဝယ်စင်တာမှာရှိတဲ့ Postal Bank ကို ဝင်ပြီး ငွေထုတ်ကောင်တာကိုသွားပြီး အသင့်ရေးလာတဲ့ စာရွက်ကို ကမ်းပေးလိုက်ပါတယ်။ စာရွက်ထဲမှာ သူ့ကိုပိုက်ဆံပေးဖို့ စားလုံးပေါင်းသတ်ပုံအမှားတွေနဲ့ ရေးထားတာပါ။ အဲဒီနောက် ပါလာတဲ့အိတ်ကို ကမ်းပေးလိုက်ပြီး “အိတ်ထဲကို ပိုက်ဆံမြန်မြန်ထည့်၊ ငါဖောက်ခွဲပစ်လိုက်ရမလား” ဆိုပြီး အခြားလက်တစ်ဖက်မှာ ဆုတ်ကိုင်ထားတဲ့ လက်ပစ်ဗုံးသဏ္ဍန် မဲမဲအလုံးကြီးကို ပြကာ ဓါးပြတိုက်ခဲ့ပါတယ်။ ဝန်ထမ်းကလည်း ကြောက်ကြောက်နဲ့ အိတ်ထဲပိုက်ဆံတွေထည့်ပေးလိုက်ရာ အစ္စရေးငွေကြေး ၁၆,၀၀၀ (ကျပ် ၆၈ သိန်းကျော်) ရသွားခဲ့ပါတယ်။
 
ဒီနည်းလမ်းအတိုင်းပဲ နောက်ထပ် ၅ ရက်အကြာမှာ အခြားနောက်ထပ် ဘဏ်ခွဲတစ်ခုကို ဓါးပြဝင်တိုက်ခဲ့ပြန်ရာ အစ္စရေးငွေ ၁၂,၀၀၀ (ကျပ် သိန်း ၅၀ ကျော်) ရသွားခဲ့ပြန်ပါတယ်။
 
 
ရဲတွေက စီစီတီဗီပုံရိပ်တွေကို သေချာကြည့်ပြီး စစ်ဆေးခဲ့ရာ ဓါးပြလက်ထဲမှာ ကိုင်ထားတဲ့ အမဲရောင် အလုံးကြီးဟာ လက်ပစ်ဗုံးမဟုတ်ပဲ ထောပတ်သီးတစ်လုံးသာဖြစ်ကြောင်း သိခဲ့ရပါတယ်။
 
ဆက်လက် စုံစမ်းရှာဖွေခဲ့ရာ သူအသုံးပြုတဲ့ ဖုန်းကနေတစ်ဆင့် ခြေရာခံမိခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့မှတ်တမ်းများကို စစ်ဆေးခဲ့ဟာ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူဖြစ်ပြီး ယခင်ကလည်း ဓါးပြမှုနဲ့ထောင် ၃ နှစ်ကျခဲ့ဖူးသူဖြစ်ကြောင်း သိရှိရသည်။

 


13 Jun 2019     1,547 Views




RELATED

Most Popular of Special or Others

Most Popular of NEWS