BEC-TERO TV

အားကစားခန်းမမှာ အမျိုးသမီးတွေကိုကြည့်ပြီး အာသာဖြေသူ အရေးယူခံရ (ရုပ်သံ)

14 Jun 2019     2,388 Views


အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ အမျိုးသား အမျိုးသမီးတွေ ကိုယ်ကာယလေ့ကျင့်ကြတဲ့ အားကစားခန်းမအတွင်းမှာ အမျိုးသမီးတစ်ဦး လေ့ကျင့်ခန်း လုပ်နေတာကို ကြည့်ရင်း လူငယ်ကောင်မှာ တစ်ကိုယ်ရေ အာသာဖြေခဲ့တာကြောင့် အရေးယူခံခဲ့ရပါတယ်။
 
တောင်အာဖရိကနိုင်ငံရှိ တက္ကသိုလ်မြို့ တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ Virgin Active ဆိုတဲ့ အားကစားရုံမှာ ဖြစ်ပွားခဲ့တာပါ။ လူငယ်ဟာ အမျိုးသမီးတစ်ဦး အားကစားလုပ်နေစဉ် ခပ်လှမ်းလှမ်းမှာ ထိုင်နေပြီး သူ့ရဲ့အောက်ပိုင်းကို အင်္ကျီတစ်ထည်နဲ့ ဖုံးကာပြီး လက်တစ်ဖက်ထည့်ကာ တစ်ကိုယ်ရေ အာသာဖြေနေခဲ့တာကို မလှမ်းမကမ်းမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ သူတစ်ယောက်က တွေ့သွားပြီး ရုပ်သံနဲ့ မှတ်တမ်းရယူခဲ့ပါတယ်။
 
 
အဆိုပါဖြစ်စဉ်အတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ William Fullard ကို Virgin Active အားကစားရုံက လာရောက်ကစားခွင့် ရာသက်ပန် ပိတ်ပင်လိုက်ပါတယ်။ အားကစားရုံရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Carla က ကုမ္ပဏီအနေနဲ့ တရားစွဲဆိုတာမျိုး မလုပ်ပေမယ့် ဒီလူငယ်ကိုတော့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဆိုပါအမှုကို ရုပ်သိမ်းကြောင်း သက်ဆိုင်ရာတွေကို အကြောင်းကြားခဲ့ပါတယ်။ “သူ့ရဲ့လုပ်ရပ်က တစ်ကယ်မှားပါတယ်၊ ဒါပေမယ့် အဲဒီလိုကိစ္စမျိုးက ဥပဒေအရ အပြစ်ပေးခံလိုက်ရတာထက် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေလုပ်တာက သူ့အတွက် ပိုပြီး ထိရောက်မှုရှိမယ်လို့ ယူဆပါတယ်။ သူ့ရဲ့မိသားစုတွေအနေနဲ့ ဝိုင်းဝန်းကူညီ ဖြေရှင်းမှသာ ပိုကောင်းပြီး မျှတမယ်လို့ ယုံကြည်တဲ့အတွက် တရားမစွဲတော့တာပါ” လို့ ဆိုပါတယ်။
 
အားကစားခန်းမဟာ အများနဲ့အတူတူ မျှဝေအသုံးပြုရတာဖြစ်လို့ လူတစ်ဦးချင်းစီရဲ့ အကျင့်တွေကို ထိန်းချုပ်လို့မရပေမယ့် အားကစားခန်းမက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီရင်တော့ အရေးယူရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 


14 Jun 2019     2,388 Views




RELATED

Most Popular of Special or Others

Most Popular of NEWS