BEC-TERO TV

အွန်လိုင်းပေါ်မှာ လက်တလော အရမ်းခေတ်စားနေတဲ့ Bubble Tea ချဲလန့်ချ်

17 Jun 2019     2,493 Views


ပျော့ပျော့အိအိ အသီးလေးတွေပါတဲ့ Bubble Tea ခွက်လေးတွေကို လက်နဲ့မကိုင်ပဲ စိတ်အေးလက်အေး သောက်ပြနေတဲ့ စိန်ခေါ်မှု(Challenge) က အခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာ လျှပ်စီးလက်သလို ပျံ့နှံ့ခဲ့ပြီး အပြန်အလှန်စိန်ခေါ်မှုတွေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
 
 
ဒီစိန်ခေါ်မှုဟာ ဂျပန်ကားတွန်းဆရာ Kiseki Himura ရဲ့ ကာတွန်းဇာတ်ကောင် မိန်းကလေး ‘တာဝါဝါ (Tawawa)’ ရဲ့ Bubble Tea သောက်နေတဲ့ စတိုင်ကို အတုယူပြီး စတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ စိတ်မကောင်းစရာကောင်းတာက ဒီပြိုင်ပွဲဟာ ယောက်ျားလေးတွေနဲ့ လုံးလုံးမှ မဆိုင်တဲ့ အမျိုးသမီးတွေသာ စွမ်းဆောင်နိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
 
 
 
 
 
 
ဝင်ပြိုင်ချင်တယ်ဆိုရင်တော့ Bubble Tea ခွက်ကို ရင်သားပေါ်တင်ထားပြီး လက်နဲ့ လုံးဝ မကိုင်ပဲ စိတ်အေးလက်အေး သောက်ပြရမှာဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို ဂျပန်နိုင်ငံက မော်ဒယ်လ် တစ်ယောက်က ဗီဒီယိုအတိုလေးနဲ့ တွစ်တာပေါ်မှာ တင်လိုက်ရာကနေ ပြန်လည် မျှဝေသူ ၁၈,၀၀၀ ကျော်ရှိပြီး အလားတူပြုလုပ်မှုတွေ မိန်းကလေးတွေကြား ရုတ်တရက်ပျံ့နှံ့ခဲ့ ရေပမ်းစားခဲ့တာဖြစ်ပါတယ်။ 
 

17 Jun 2019     2,493 Views




RELATED

Most Popular of Special or Others

Most Popular of NEWS