BEC-TERO TV

ရေအောက်လှောင်ချိုင့်ထဲကနေ လွတ်မြောက်ရန် ကြိုးစားပြတဲ့ လူစွန့်စား ပျောက်ဆုံး

17 Jun 2019     1,638 Views


အန္ဒိယနိုင်ငံမှ လူစွန့်စား(စတန့်) တစ်ဦးက လက်ထိပ်ခတ်ခံထားရလျှက် ထွက်ပေါက်မရှိ အသေပိတ်ထားတဲ့ လူတစ်ကိုယ်စာ သံလှောင်အိမ်ထဲဝင်ပြီး ဂင်္ဂါမြစ်ထဲ နှစ်ခိုင်းထားကာ လွတ်မြောက်ရန် ကြိုးပမ်းပြစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။
 
 
Wizard Madrake လို့ လူသိများတဲ့ စတန့်သမားက ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့က သူရဲ့မိသားစုဆွေမျိုးများ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရဲများနဲ့ အရိသတ်များ ရှေ့မှောက်မှာ သံလှောင်အိမ်ထဲဝင်ပြီး ကရိန်းကားနဲ့ မချီကာ သံလှောင်အိမ်ကို တံတားပေါ်ကနေ၍ ဂင်္ဂါမြစ်ထဲကို ကြိုးနဲ့ ချခိုင်းခဲ့ပါတယ်။
 
မြစ်ထဲချကာနီးမှာ အားလုံးကို သူက “ကျွန်တော်လွတ်အောင် ပြန်ထွက်လာနိုင်ရင်တော့ မျက်လှည့်ပဲ၊ ထွက်မလာနိုင်ရင်တော့ ဝမ်းနည်းစရာအဖြစ်ဆိုပါပဲ” လို့ နောက်ဆုံးစကားတစ်ခွန်း ပြောကြားခဲ့ပါတယ်။
 
 
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က အလားတူ စွန့်စားမှုလုပ်စဉ်က
 
သူဟာ ၂၀၁၃ ခုနှစ်ကလည်း ဒီနေရာမှာပဲ အလားတူ စတန့်မျိုးလုပ်ပြခဲ့လို့ လူတွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
 
ဒီတစ်ကြိမ်မှာတော့ ရေထဲကို လှောင်အိမ်ချလိုက်ပြီး သိပ်မကြာခင် လှောင်အိမ်ကို ပြန်ဆွဲတင်လိုက်တဲ့အခါ လှောင်အိမ်ထဲမှာ မရှိတော့ပါဘူး။ ကြည့်နေတဲ့ လူအချို့က သူလှောင်အိမ်ထဲကနေ လွတ်ထွက်သွားတာ မြင်လိုက်တယ်လို့ ပြောကြပေမယ့် ဂင်္ဂါမြစ်ထဲကနေ ပြန်မပေါ်လာတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့က ရေထဲဆင်းရှာခဲ့ကြပါတယ်၊ ဒါပေမယ့် အခုချိန်ထိ ပြန်ရှာမတွေ့သေးကြောင်း သိရပါတယ်။ ရဲအဖွဲ့ကတော့ သူ့ကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

 


17 Jun 2019     1,638 Views




RELATED

Most Popular of Special or Others

Most Popular of NEWS