BEC-TERO TV

အိပ်ပျော်နေစဉ် ရင်ဘတ်ပေါ်မှာ ဖုန်းပေါက်ကွဲ မီးလောင်မှုဖြစ်ပွား

17 Jun 2019     1,679 Views


ဇွန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး ဖုန်းအသုံးပြုရင်း အားသွင်းထားလျှက် အိပ်ပျော်သွားစဉ် ဖုန်းပေါက်ကွဲမှုဖြစ်ကာ ရင်ဘတ်ပိုင်းနဲ့ သူ့ရဲ့အိပ်ယာတို့ပါ မီးလောင်းကျွမ်းခံရမှု ဖြစ်ပွားခဲ့ပါတယ်။
 
မလေးရှားနိုင်ငံ ဆာရာဝက်ခ်ပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် လူငယ်ဟာ အိပ်ယာထဲမှာ ဖုန်းသုံးတဲ့ အလေ့အထရှိသူဖြစ်ပါတယ်။ မတော်တဆမှုဖြစ်မယ့်နေ့က ဖုန်းကို ထုံးစံအတိုင်း အားသွင်းရင်း သုံးနေခဲ့ပြီးနောက် အိပ်ပျော်သွားတဲ့အချိန်မှာ ဖုန်းက လက်ထဲကနေ သူ့ရင်ဘတ်ပေါ် လျောကျခဲ့ပါတယ်။
 
အဲဒီအချိန်မှာ ဖုန်းက အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ပါတယ်။ လူငယ်ရဲ့ ကြောက်လန့်တကြား အော်သံကြောင့် မိသားစုတွေ သူ့အခန်းကို ရောက်လာခဲ့ရာ ရင်ဘတ်ပေါ်မှာ မီးလောင်ပေါက်ကွဲဒဏ်ရာနဲ့အတူ အိပ်ယာလည်း မီလောင်ကျွမ်းခဲ့ပါတယ်။ 
 
 
အရေးပေါ်ဌါနကို ဖုန်းဆက်ပြီး ဆေးရုံတင်ပို့ကာ မီးလောင်ဒဏ်ရာတွေကို ကုသခဲ့ရပါတယ်။ အခုလို မီးလောင်ပေါက်ကွဲရတဲ့ အကြောင်းကို ရှင်းလင်းစွာမသိရသော်လည်း ဖုန်းရဲ့ ဘတ်ထရီမှာ မူလဘတ်ထရီမဟုတ်ပဲ အသစ်လဲထည့်ထားသော အခြားအမျိုးအစား တစ်ခုဖြစ်ကြောင်း သိရှိရသည်။
 

17 Jun 2019     1,679 Views




RELATED

Most Popular of Special or Others

Most Popular of NEWS