BEC-TERO TV

မိဘများ ပေါ့ဆမှုကြောင့်ခြောက်လသမီးလေး ဘာလီပုံး(ရေပုံး)အတွင်း ရေနစ်သေဆုံး

18 Jun 2019     1,830 Views


ဇွန် ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ ဟင်းသီးဟင်းရွက် စျေးကြီးတစ်ခုတွင် အသက် ၆ လအရွယ်သမီးငယ်လေး ရေခတ်ရာတွင် အသုံးပြုသည့် ဘာလီပုံး(ရေပုံး) ငယ်အတွင်းသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ရသည်။
 
ရဲမှူး Elmer Bonilla ၏ အဆိုအရ ကလေးမှာ မိဘများနဲ့အတူ စျေးအတွင်းရှိ ဈေးဆိုင်ခုံပေါ်တွင် အိပ်စက်နေစဉ် တစ်ဖက်သို့ လိမ့်သွားပြီး စျေးခုံအောက်တွင် ချထားသော ရေဖြည့်ထားသည့် ရေပုံးငယ်ထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ နံနက်စောစော ၂ နာရီဝန်းကျင်ခန့်က ဖြစ်ပျက်ခဲ့မည်ဟု ခန့်မှန်းထားသည်။ မိဘများက မနက်ရောက်မှ နိုးလာသည့်အခါ ရေပုံးအတွင်း ရေနစ်လျှက် ကလေး သေဆုံးနေကြောင်း တွေ့ကြရသည်။
 
ရေပုံးထဲရှိ ရေမှာ ဟင်းသီဟင်းရွက်များနဲ့ သစ်သီးတို့ကိုကို သန့်စင်အောင် ဆေးကြောသည့်နေရာမှာ အသုံးပြုသည့် အက်ဆစ်အပျော့စားနှင့် ရေတို့ ရောစပ်ထည့်ထားကြောင်း သိရသည်။
 

18 Jun 2019     1,830 Views




RELATED

Most Popular of Special or Others

Most Popular of NEWS