BEC-TERO TV

အသင်းကနေ ထွက်မယ်လို့ ပြောလာတဲ့ ပေါ့ဘာကို မန်ယူအသင်းက လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးသွားမည်

18 Jun 2019     1,312 Views


မန်ယူ အသင်းကနေ ထွက်တော့မယ်လို့ ထွက်တော့မယ်လို့ သတင်းတွေထွက်နေတဲ့ ပေါဘာကို မန်ယူအသင်းက လစာတိုးပေးပြီး စာချုပ်သက်တမ်းဖို့ စီစဉ်နေတယ်လို့ Sky Sports ကဖော်ပြလိုက်ပါတယ်။ ပေါ့ဘာကို ဆန်းချက်နဲ့တန်းတူ တစ်ပါတ်လုပ်ခ ပေါင် (၅) သိန်းအထိ ပေးပြီး မန်ယူအသင်းကပေးချေ သွားမယ်လို့ သိရပါတယ်။

ပေါ့ဘာကို အသင်းဟောင်း ဂျူဗင်တပ်စ် ၊ ရီးရဲလ်မက်ဒရစ် အသင်းတို့က စိတ်ဝင်စားနေတယ်လို့ အတိအလင်း ဖွင့်ဟထားတာကြောင့် မန်ယူအသင်းက ပေါ့ဘာကို လက်မလွတ်ရဖို့အရေး လစာတိုးပြီး စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ လက်ရှိမှာ မန်ယူအသင်းမှာ ပေါင် (၂၉၀၀၀၀) သာရရှိနေသူတစ်ဦးဖြစ်ပြီး အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဆန်းချက်ထက်စာရင် အဆမတန်နည်းပါးနေတာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ Adidas ရဲ့ ဈေးကွက်မြင့်တင်ရေး အာရှခရီးစဉ် ဂျပန်မှာ မန်ယူအသင်းကနေထွက် ထွက်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် နည်းပြဆိုးရှားလ်က ကော်တင်ဟို ၊ ရာကီတစ် တို့ကိုခေါ်ယူဖို့ သတင်းတွေထွက်လာခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်ပဲ့ကိုင်ရှင် ပေါ့ဘာကို လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးပေးပြီး စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ မနှစ်က မန်ယူအသင်းအတွက် လိဂ်သွင်းဂိုး (၁၀) ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၃)ကြိမ် အထိစွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ထို့ပမာဏဟာ မန်ယူကစားသမားတွေထဲ့မှာ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။

ပေါ့ဘာအတွက် ဂျူဗင်တပ်စ်အသင်းက ပေါင်သန်း(၉၀) နဲ့ခေါ်ယူဖို့အဆင့်သင့်ြ့ဖစ်နေတယ်လို့ သိရပြီး ရီးရဲလ်အသင်းကလည်း ကွင်းလယ်အတွက် စပါးကွင်းလယ်လူ အဲရစ်ဆင် နဲ့ ပေါ့ဘာ တို့ထဲ့က တစ်ဦးဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။


18 Jun 2019     1,312 Views




RELATED

Most Popular of Football

Most Popular of Sport