BEC-TERO TV

မိကျောင်းကြီးတစ်ကောင်ကို မြွေမြိုနေတဲ့ ဖြစ်ရပ်မှန် ရှားပါးဓါတ်ပုံများ

18 Jun 2019     2,262 Views


လတ်တလော လူမှုကွန်ယက် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မိကျောင်းတစ်ကောင်ကို စပါးကြီးမြွေတစ်ကောင်က မြိုနေတဲ့ ဓါတ်ပုံဟာ သင့်ကိုမှင်သက်မိသွားပါလိမ့်မယ်။ ဒါဟာ ဖိုတိုရှော့ မဟုတ်ပါဘူး။ သြစတေးလျနိုင်ငံ ကွင်းစ်လန် ပြည်နယ်က တောထဲက တောရိုင်းသတ္တဝါ ကယ်တင်ရေး အဖွဲ့က အမှတ်မထင် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။
 
 
Olive python လို့ခေါ်တဲ့ ယင်းစပါးကြီးမြွေဟာ သြစတြေလျနိုင်ငံမှာ ဒုတိယအကြီးဆုံး မြွေအမျိုးအစားဖြစ်ပါတယ်။ ၁၃ ပေခန့် ရှည်လျားပြီး သားကောင်ကို ညို့ဖမ်းတဲ့နေရာမှာ အချိန်စောင့်ပြီး စိတ်ရှည်ရှည်နဲ့ ရန်မပြုတတ်ချင်ယောင်ဆောင်ပြီး ဖမ်းဆီးတတ်တဲ့ မြွေဖြစ်ပါတယ်။
 
တွေ့ရတဲ့ပုံတွေအရ စါပါးကြီးမြွေဟာ မိကျောင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ပြီး ဦးခေါင်းပိုင်းကနေ အမြီးဖျားထိ တစ်ဆင့်ခြင်း မြိုနေတာကို တွေ့ရပါတယ်။ မိကျောင်း ဆိုတာကလည်း သေးသေးကွေးကွေး မိကျောင်းမျိုးမဟုတ်တာကြောင့် အခုလို စပါးကြီးမြွေရဲ့ သားကောင်ဖြစ်သွားခဲ့ရတာဟာ တစ်ကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းဖြစ်လို့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ပုံတွေလည်းဖြစ်ပါတယ်။
 
မြွေကြီးဟာ မိကျောင်းကြီးနားကို ရန်မပြုတတ်သလို တိုးဝှေ့သွားပြီးမှ ကိုယ်လုံးနဲ့ ရစ်ပတ်ကာ တစ်ကောင်လုံးကို မြိုခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံတွေက ထိတ်လန့်စရာကောင်းတဲ့အတွက် ကြည့်ရှုသူများအနေနဲ့ သတိပြုဆင်ခြင်ကြဖို့ အသိပေးလိုက်ပါရစေ။
 
 

Source: GG Wildlife Rescue Inc


18 Jun 2019     2,262 Views




RELATED

Most Popular of Special or Others

Most Popular of NEWS