BEC-TERO TV

ဒီတစ်ပါတ်အတွင်းမှာ ချဲလ်ဆီးအသင်းက လမ်းပတ်ကို နည်းပြအဖြစ်ခန့်အပ်သွားမည့် သတင်းနှင့် ချဲလ်ဆီးသတင်းတိုများ

18 Jun 2019     1,397 Views


ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာ နည်းပြဆာရီက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ သွားပြီဖြစ်တာကြောင့် သူ့ နေရာမှာ ကစားသမားဟောင်း နည်းပြ လမ်းပတ်ကို အခွင့်ရေး ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ချဲလ်ဆီး ဂန္တဝင်ကစားသမား တစ်ဦးဖြစ်တဲ့လမ်းပတ်ဟာ နည်းပြဘဝအစ အနေနဲ့ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီး ဒါဘီအသင်းကို ပရီးမီးယားလိဂ် ပလေ့အော့စ် အဆင့်ထိ ရောက်အောင်စွမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် လမ်းပတ်ကို ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူပြီး နည်းပြအဖြစ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။ လမ်းပတ်ကိုတော့ ချဲလ်ဆီးနည်းပြအဖြစ် ဒီတစ်ပါတ်အတွင်းမှာ ကြေညာသွားဖို့ ရှိတယ်လို့ သိရပါတယ်။

 

ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို စပိန်ထိပ်သီးကလပ် တွေဖြစ်တဲ့ ဘာစီလိုနာ ၊ အက်သလက်တီကို အသင်းတို့က ပေါင် (၃၅) သန်းဖြင့် ကမ်းလှမ်းမှုကို ချဲလ်ဆီးအသင်းက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အသက် (၃၁) နှစ် အရွယ် ဘရာဇီးတောင်ပံကစားသမား ဝီလီယံဟာ ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်တာကြောင့် အဆိုပါ ပမာဏဖြင့် ကမ်းလှမ်းခြင်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမည့်ရာသီမှာ ကစားသမား ခေါ်ယူခွင့်ပိတ်ခံရတဲ့အတွက် ဝါရင့်ကစားသမား ဝီလီယံကို ဆက်ထိန်းထားလိုခြင်း ဖြစ်ပါတယ်။ ဝီလီယံဟာ လာမည့်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ချဲလ်ဆီးအသင်းက နောက်ထပ် ၂ နှစ်သက်တမ်းတိုးနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဝီလီယံကို ခေါ်ယူဖို့အတွက် (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ဖူးပြီး ချဲလ်ဆီးအသင်းက အကြိမ်ကြိမ် ပယ်ချခဲ့တာဖြစ်ပါတယ်။ ဝီလီယံဟာ၂၀၁၃ ခုနှစ်က အန်ဇီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း(၃၀)ဖြင့် ရောက်ရှိခဲ့တာဖြစ်ပြီး ၂၉၂ ပွဲကစားထားပြီး ၅၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း ဆာရီဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ သွားတာကြောင့် အသင်းအမာခံ နာပိုလီ ပရိတ်သတ်တွေဟာ ပေါက်ကွဲခဲ့ပြီး ဆာရီကို ဂုဏ်ပြုထားတဲ့ ကမ္မည်းကျောက်တိုင်ကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ဆာရီဟာ နာပိုလီအသင်းနဲ့အတူ အောင်မြင်လာတဲ့ နည်းပြတစ်ဦးဖြစ်ပြီး နာပိုလီအသင်းပရိတ်သတ်တွေက ဆာရီကို “သူတို့ ၏ သူရဲကောင်း” လို့တောင် ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဆာရီက ပြိုင်ဘက် ဂျူဗင်တပ်စ်သင်းကို ရောက်ရှိသွားတာကြောင့် နာပိုလီပရိတ်သတ်တွေက ရင်ထဲ့ကနေ ဆာရီကို ထုတ်ပစ်လိုက်ကြပါပြီ။

 

ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ အီမာဆင်ကို ခေါ်ယူနိုင်ဖို့  ဂျူဗင်တပ်စ်အသင်းနှင့် ရိုးမားအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အီတလီ လက်ရွေးစင် ကစားသမားဟာ တစ်ချိန်မှာ အီတလီမှာ ကစားချင်တယ်လို့ ဖွင့်ဟထားပေမယ့် လက်ရှိမှာ ချဲလ်ဆီးအသင်းမှာ ပျော်နေတယ်လို့ သိရပါတယ်။

 

 

 

 


18 Jun 2019     1,397 Views




RELATED

Most Popular of Football

Most Popular of Sport