BEC-TERO TV

အသက်ရှင်လျှက်နဲ့ ဝေးရမယ့်အစား အတူတူသေဖို့ ဆုံးဖြတ်လိုက်တဲ့ ချစ်သူနှစ်ဦး

18 Jun 2019     1,699 Views


အာရှနိုင်ငံတွေက မိဘတွေဟာ သားသမီးတွေရဲ့ အိမ်ထောင်ရေးကို သူတို့စိတ်ကြိုက် ချယ်လှယ်ခဲ့ကြတာဟာ ရိုးရာဓလေ့တစ်ခုလို စွဲမြဲနေပါတယ်။ အဲဒီထဲမှာတော့ အိန္ဒိယနိုင်ငံက ရှေးရိုးအဆန်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ 
 
သမီးဖြစ်သူ အရွယ်ရောက်လာတဲ့အခါ သူတို့သဘောကျတဲ့ ယောက်ျားတွေကို မိဘတွေကိုယ်တိုင် တင်တောင်းပြီး ရှာဖွေပေးစားတတ်ကြပါတယ်။ ယောက်ျားလေးက ပညာတတ်ရင်တတ်သလောက် မိန်းကလေးဘက်က တင်တောင်းရတဲ့ ကြေးကလည်း ကြီးပါတယ်။ 
 
ဒီလိုရိုးရာဓလေ့တွေကို မြဲမြဲဆုပ်ကိုင်ပြီး သားသမီးတွေရဲ့ အိမ်ထောင်ရေးကို စီမံကြတဲ့ ရလာဒ်ကတော့ အိမ်ထောင်ကျပြီးမှ ချစ်သူနောက် လိုက်ပြေးကြတာတွေ၊ မယားခိုးမှုနဲ့ ရိုက်နှက်အပြစ်ပေးခံရတာ စသည်ဖြင့် ပြသနာတွေအများကြီး ရှိခဲ့ဖူးပါတယ်။
 
လက်တလော အိန္ဒိယတိုင်းမ်းစ်သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းအရ လူငယ်စုံတွဲ နှစ်တွဲဟာ ရှင်ကွဲကွဲရမယ့်အစား ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်သွားခဲ့ကြပါတယ်..
 
 
မိန်းကလေးဖြစ်တဲ့ ‘အန်ဂျူးဆူသား’ နဲ့ ‘ရှမ်ကာချတ်ဒရီ’ တို့ နှစ်ဦးစလုံးက အသက် ၂၁ နှစ်အရွယ် သမီးရည်းစာတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ‘အန်ဂျူးဆူသား’ ရဲ့ မိဘတွေ အတင်းစီစဉ်မှုကြောင့် အခြားအမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။
 
နောက်ဆုံးမှာတော့ ချစ်သူနဲ့ မခွဲနိုင်တဲ့ ‘အန်ဂျူးဆူသား’ ဟာ အိမ်က ထွက်လာခဲ့ပြီး ချစ်သူနှစ်ဦး သေနတ်နဲ့ အဆုံးစီရင်ခဲ့ကြပါတယ်။ ရဲအဖွဲ့က ဒီလက်လုပ် ပစ္စတိုသေနတ်တွေ သူတို့ဘယ်ကနေ ရလာကြလဲဆိုတာကို စုံစမ်းရှာဖွေလျှက်ရှိပါတယ်။ သူတို့နှစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ချိန်မှာ အရက်တွေ အလွန်အကျွံသောက်ထားနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

 


18 Jun 2019     1,699 Views




RELATED

Most Popular of Special or Others

Most Popular of NEWS