BEC-TERO TV

ဘာစီလိုနာအသင်းကို တစ်ကျော့ပြန် ပြန်ရောက်လာဖို့ရှိနေတဲ့ နေမာ

18 Jun 2019     1,353 Views


ဘာစီလိုနာအသင်းဟာ သူတို့၏ ကစားသမားဟောင်း နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း(၉၀)  အပြင် ကစားသမားတစ်ဦး အလိုက်ပေး ကမ်းလှမ်းသွားမယ်လို့ သိရပြီး အဆိုပါကမ်းလှမ်းမှုကို ပီအက်စ်ဂျီအသင်းဘက်က လက်ခံသွားဖို့ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ နေမာအား ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနှင့် ဆွေးနွေးနေတာဖြစ်ပါတယ် ။ ပီအက်စ်ဂျီအသင်းဘက်က ပေါင် သန်း (၉၀) အပြင်ကစားသမားတစ်ဦး အလိုက်ရရှိပါက လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပီအက်စ်ဂျီအသင်း ဥက္ကဌက နေမာကို ထိုက်တန်တဲ့ ကမ်းလှမ်းမှုရရှိရင် လက်ခံစဉ်းစားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဘက်က မည့်သည့်ကစားသမားကို အလိုက်ပေးကမ်းလှမ်းရမည်ကို ဆုံးဖြတ်ရခြင်းမရှိသေးပေမယ့် တောင်ပံကစားသမား ဒမ်ဘီလီ၊ ကွင်းလယ်လူ ရာကီတစ် နှင့် နောက်ခံလူ အမ်တီတီ တို့အနက်မှ တစ်ယောက်ကို ကမ်းလှမ်းမှသာ ပီအက်စ်ဂျီအသင်းဘက်က လက်ခံဖွယ်ရှိနေပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီ အသင်းထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်(၁၉၈)သန်း (ယူရို ၂၂၂ သန်း) ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး နေမာ၏ စာချုပ်သက်တမ်းမှာ ၂၀၂၂ အထိပါရှိနေပါတယ်။ လက်ရှိအချိန်တွင် နေမာဟာ ကာတာအသင်းနှင့် ချစ်ကြည်ရေး ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။


18 Jun 2019     1,353 Views




RELATED

Most Popular of Football

Most Popular of Sport