BEC-TERO TV

ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တဲ့ဖခင်ကြောင့် ကလေးရင်ကြပ်ရောဂါရနိုင်

18 Jun 2019     2,166 Views


ကလေးတွေဟာ အမိဝမ်းထဲမှာ ကိုယ်ဝန်ဆောင်နေစဉ် ဖခင်ဖြစ်သူရဲ့ ဆေးလိပ်သောက်မှုကြောင့် မွေးရာပါ ရင်ကြပ်ရောဂါ ရနိုင်ကြောင်း မျိုးဇီဇ DNA အပေါ် ဓာတုဗေဒသက်ရောက်မှု လေ့လာစမ်းသပ်ချက်များအရ သိရသည်။
 
မိဘတွေရဲ့ ဆေးလိပ်သောက်မှုဟာ ကလေးတွေငယ်တွေရဲ့ ရင်ကြပ်ဖြစ်ပွားမှု အန္တရာယ်ကို တိုးလာစေပါတယ်။ လက်တလော လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်သောက်မှု တစ်ခုထဲကြောင့် မဟုတ်တာကို သိခဲ့ရပါတယ်။
 
 
သုတေသီတွေဟာ ကလေးငယ်ပေါင်း ၇၅၆ ယောက်ကို ၆ နှစ်ကြာ အနီးကပ်ဆက်တိုက် လေ့လာခဲ့ကြပါတယ်။ ကလေး ၄ ယောက်မှာ ၁ ယောက်က မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားဘဝနဲ့ ရှိနေစဉ်ကာလထဲက ဆေးလိပ်သောက်တဲ့ ဖခင်ကြောင့် ဆေးရွက်ကြီးရဲ့ သက်ရောက်မှုကို ခံထားရပါတယ်။ ကျန်ကလေး ၃ ယောက်ရဲ့ မိခင်တွေကတော့ ကိုယ်တိုင် က ဆေးလိပ်သောက်ကြသူတွေဖြစ်ပါတယ်။
 
ကလေးတွေထဲက ၃၁% သော ကလေးတွေရဲ့ ဖခင်တွေဟာ ဆေးလိပ်သောက်သူတွေဖြစ်ပြီး ဒီကလေးတွေဟာ အသက် ၆ နှစ်အရွယ်မှာ ရင်ကြပ်ရောဂါရဲ့ ဇာတိက စပြီးပြလာကြပါတယ်။
 
ဆေးလိပ်အလွန်သောက်တဲ့ ဖခင်တွေကြောင့် ကလေးတွေကြားမှာ ရင်ကြပ်ရောဂါခံစာနေရမှု မကြာခဏဆိုသလို တွေ့နေရကြောင်း ထိုင်ပေမှာရှိတဲ့ အမျိုးသားကျန်မာရေးကာကွယ်မှုဌါနမှ သုတေသီ စာရေးဆရာ Dr.Kuender Yang က ဆိုပါတယ်။
 
 
ကိုယ်ဝန်ဆောင်ထားစဉ် တစ်ရက်ကို ဆေးလိပ် ၂၀ ထက်ပိုသောက်တဲ့ မိဘတွေရဲ့ သားသမီးတွေမှာ ရင်ကြပ်ရောဂါ ဖြစ်နိုင်ခြေက တစ်ရက်မှာ အလိပ် ၂၀ ထက်လျော့သောက်တဲ့ ဒါမှမဟုတ် ဆေးလိပ်မသောက်တဲ့ မိဘတွေထက် ပိုပြီး မြင့်မားတယ်လို့ ဆိုပါတယ်။
 
ရင်ကြပ်ရောဂါ ရနေတဲ့ ကလေးတွေကို လေ့လာစမ်းစစ်ကြည့်ခဲ့ရာမှာ ၂၃% သော ကလေးတွေဟာ သူတို့ကို ကိုယ်ဝန်ဆောင်စဉ်မှာ ဖခင်က ဆေးလိပ်လုံးဝ မသောက်ကြပါဘူး။ ၂၅% သော ကလေးတွေကတော့ ဖခင်ဟာ ဆေးလိပ်ခပ်ပါးပါးသောက်သူတွေဖြစ်ပြီး ၃၅ % သော ကလေးတွေရဲ့ အဖေတွေကတော့ ဆေးလိပ် အလွန်သောက်သူတွေ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
 
ဒါကြောင့်မို့ ဆေးလိပ်သောက်ခြင်းဟာ မည်သည့်အခြေအနေမျိုးမှာမဆို၊ ကလေးမွေးပြီးသည်ဖြစ်စေ၊ မမွေးခင်ဖြစ်စေ ဆိုးရွားမှုကို ဖြစ်စေသောကြောင့် မိဘတွေအနေနဲ့ ဆေးလိပ် မသောက်ကြဖို့ ကျွမ်းကျင်သူတွေက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

 


18 Jun 2019     2,166 Views




RELATED

Most Popular of Health Fix

Most Popular of NEWS