BEC-TERO TV

အပေါင်းအသင်းတွေထက် သစ္စာရှိတဲ့ခွေးလေး (ရုပ်သံ)

19 Jun 2019     1,686 Views


အရက်မူးရင် သွေးအလွန်စည်းကြတဲ့ ဘော်ဒါတွေက အတူတူသောက်စားကြပြီး အမူးလွန်လို့ အန်ဖတ်ဆို့နေရင်တော့ လမ်းဘေးမှာ ထားပစ်ခဲ့ဖို့လည်း ဝန်လေးမှာမဟုတ်ပေမယ့် သင်မွေးထားတဲ့ ခွေးကတော့ ဒီလိုပစ်ထားခဲ့ရက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ခွေးဟာ လူတွေအတွက်တော့ သစ္စာအရှိဆုံး အကောင်းဆုံး သတ္တဝါဖြစ်ပါတယ်။
 
 
မနှစ်က ကိုလံဘီယာမှာ ဖြစ်ခဲ့တဲ့ အဖြစ်ပျက် ရုပ်သံလေးက လတ်တလော အွန်လိုင်းပေါ်မှာ ပြန်လည်ခေတ်စားလာပြန်ပါတယ်။ ရုပ်သံမှာတော့ ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားတဲ့ အမျိုးသားတစ်ဦးဟာ ကတ္တရာလမ်း အလယ်ကောင်မှာ အရက်အမူးလွန်ကာ အိမ်ပျော်နေပါတယ်။ သူ့ရဲ့ အနီးမှာ ခွေးလေးတစ်ကောင်က သူ့သခင်အနား လာကပ်တဲ့ လူမှန်သမျှကို ထိုးဟောင်ပြီး အနားမလာနိုင်အောင် သခင်ကို ကာကွယ်ပေးနေပါတယ်။
 
 
လူတွေက ကူညီဖို့ရောက်လာပေမယ့် အနားလာကပ်တဲ့သူမှန်သမျှကို မာန်ဖီပြီး ကိုက်မယ့်ဟန်ပြင်နေတဲ့အတွက် နောက်ဆုံးမှာ ရဲတွေကို အကြောင်းကြားခဲ့ရပါတယ်။ ရဲအရာရှိတွေကိုလဲ အနားကပ်မခံပါဘူး တစ်ချိန်ထဲမှာ သူ့သခင်နိုးအောင် မျက်နှာကို လျှာနဲ့လျှက်ပြီး နှိုးနေတာတွေ့ရပါတယ်။ နောက်ဆုံးမှာတော့ မူးပြီးအိပ်ပျော်နေတဲ့ အမျိုးသားနိုးလာခဲပြီး ရဲတွေက သူ့ကို တွဲထူကာ အကူညီပေခဲ့ပါတယ်။
 
 
သစ္စာရှိလွန်းတဲ့ ခွေးလေးကို ဝိုင်းကြည့်နေတဲ့ လူတွေနဲ့ ရဲတွေကပါ သဘောကျနေကြပါတယ်။ ဒါကြောင့်မို့ အရက်ကို မူးအောင်သောက်တတ်တဲ့သူတွေ ခွေးတစ်ကောင်လောက် မွေးထားပြီး သောက်တဲ့အခါ ခေါ်သွားသင့်ပါတယ်။
 

19 Jun 2019     1,686 Views




RELATED

Most Popular of Special or Others

Most Popular of NEWS