BEC-TERO TV

၅ တန်းကျောင်းသားက စည်းကမ်းတင်းကြပ်လွန်းတဲ့ ဆရာကို ဓားနဲ့ထိုး

19 Jun 2019     1,766 Views


ကျောင်းမှာ စည်းကပ်တင်းကြပ်သလို အိမ်စာတွေပေးတာကြောင့် စိတ်ဖိစီးမှုများနေသော ၅ တန်းကျောင်းသားလေးက စိတ်မထိန်းနိုင်ပဲ ဆရာဖြစ်သူကို ဓားနဲ့ထိုးကာ လက်စားချေခဲ့မှု ဇွန်လ ၁၇ ရက် တနင်္လာနေ့က မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
 
မလေးရှားနိုင်ငံ ဆွန်ငိုင်းမန်ဂစ်ရပ်ကွက်ရှိ စာသင်ကျောင်း တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က အသက် ၁၇ နှစ်အရွယ် (Form Five) ၅ တန်းကျောင်းသားက ဆရာအတန်းထဲ ဝင်လာတဲ့အချိန်ကိုစောင့်ကာ ဝှက်ယူလာတဲ့ ဓားနဲ့ ထိုးခဲ့ခြင်းဖြစ်သည်။
 
အသက် ၃၀ ဝန်းကျင်  ဆရာဖြစ်သူ ‘မူဟာမက်ဟက်စ်နန်ဆလင်’ က အတန်းထဲ ဝင်ကာနီး ဖိနပ်ချွတ်နေစဉ် ကျောင်းသားက နောက်ကျောကနေ ဓားနဲ့ အကြိမ်ကြိမ် ထိုးခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည်။ ဆရာ၏ နောက်ကျောဘက်တွင် ဓားဒဏ်ရာများရခဲ့ပြီး ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရသည်။
 
 
ကျောင်းသားအား ရဲများက ရှာဖွေထိမ်းသိန်းနိုင်ခဲ့ပါတယ်။ ဆေးစစ်ချက်အရ ကျောင်းသားမှာ မူးယစ်ဆေး သုံးဆွဲခြင်းမရှိပဲ ဆရာက ချမှတ်သည့် စည်းကမ်းများ အိမ်စာများကြောင့် စိတ်ဖိစီးမှုဖြစ်ကာ ဆရာကို မုန်းတီးနေပြီးနောက် ကလဲ့စားချေသည့်အနေနဲ့ ဓားနဲ့ထိုခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။
 
လက်တလောမှာတော့ ကျောင်းဆရာရဲ့ ကျန်မာရေး ပုံမှန်ပြန်ဖြစ်လာပြီး ကျောင်းသားကိုတော့ ချုပ်ရက်ရမန်နဲ့ ထိန်းသိမ်းထားဆဲဖြစ်ကာ စိတ်ကျန်းမာရေးဆေးရု့တွင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 

19 Jun 2019     1,766 Views




RELATED

Most Popular of Special or Others

Most Popular of NEWS