မြန်မာတွေကို ဆက်ကြေးတောင်းတဲ့ မြန်မာ မာဖီးယားဂိုဏ်းအား ထိုင်းရဲများ ဖမ်းဆီး
19 Jun 2019 2,053 Views

ထိုင်းနိုင်ငံဘန်ကောက် ပတူနမ့် နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများထံမျ အတင်းအကြပ်ငွေတောင်းခံ မိုက်ကြေးခွဲ ရိုက်နှက်နေကြသည့် မြန်မာ မာဖီးယား ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့များ ပူးပေါင်းကာ အဆိုပါဂိုဏ်းဝင်များနေထိုင်နေသည့် ပတူနမ့် နယ်မြေ တိုက်ခန်းတစ်ခုအတွင်း ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
အဓိက တရားခံ နှစ်ဦး ဟာ “အောင်ကို” နဲ့ “စံဂျေး” ဆိုသူတွေဖြစ်ပြီး သူတို့ဟာ အလုပ်လုပ်ခွင့် တရားဝင်ပါမစ် မရှိကြတဲ့ မြန်မာအလုပ်သမား ၂၀ ဆီက နေ တစ်ဦးကို တစ်လ ဘတ်ငွေ ၄၇၀၀ အထိ နယ်မြကြေးဆိုပြီး အတင်းအကြပ် ကောက်ခံနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

တရားခံ မြန်မာနိုင်ငံသား စံဂျေး က သူဟာ နယ်မြေ ရဲတွေနဲ့ ပူပေါင်းအလုပ်လုပ်နေသူဖြစ်တယ်ဆိုပြီး tourist police ရဲတပ်ဖွဲ့ တံဆိပ် နဲ့ ရဲဝတ်စုံတွေ ဝတ်ပြီး မြန်မာနိုင်ငံသားတွေ ယုံကြည်အောင် ပြခဲ့တယ်လို့ဆိုပါတယ်။
တရားခံနှစ်ဦးနဲ့ နောက်လိုက် တချို့ အဖမ်းခံရပြီး မြန်မာနိုင်ငံသားတချို့ သေဆုံးမှုနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်မှုတွေကို ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။
သတင်း - SAW






