BEC-TERO TV

တောင်ကိုရီးယားကို ဘောလုံးလာရောက်ကစားမည့် ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒို

20 Jun 2019     1,324 Views


ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာမည့် ဇူလိုင်လအတွင်းမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ ခြေစွမ်းပွဲကစားသွားဖို့ရှိတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ကေလိဂ်မှ အောစတားအသင်းနဲ့ ခြေစွမ်းပွဲ ကစားဖို့ သဘောတူညီမှု ရရှိထားပြီး အဆိုပါပွဲမှာ ရော်နယ်ဒိုကို ပါ အသုံးပြုဖို့အတွက် အာမခံထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ပရိတ်သတ်တွေဟာ ဘောလုံးအားကစားကို ရူးသွပ်သူတွေ ပရိတ်သတ်တွေ ဖြစ်ကြပြီး ရော်နယ်ဒို ကိုအထူးနှစ်ခြိုက်အားကျသူတွေ အများအပြားရှိတယ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အေလိဂ် အဖွဲချုပ်ဟာ ဂျူဗင်တပ်စ်အသင်းကို ဖိတ်ခေါ် ခြေစွမ်းပွဲ ပြုလုပ်ဖို့ စီစဉ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကစားမည့် ခြေစမ်းပွဲမှာ ရော်နယ်ဒိုအပြင် နာမည်ကြီး ဂျူဗင်ကစားသမားများလည်း ပါဝင်မှာဖြစ်ပါတယ်။ အေလိဂ် အောစတားအသင်းဟာ အေလိဂ်မှအကောင်းဆုံးသမားတွေနဲ့ ဖွဲ့ စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။တောင်ကိုရီးယား ပရိတ်သတ်တွေကလည်း ဂျူဗင်တပ်စ်နှင့်ကစားမည့် ကေလိဂ် အောစတားအသင်း လူစာရင်းကို  မဲပေးနိုင်ကြောင်းကိုလည်း ကေလိဂ်အဖွဲ့ ချုပ်က ထုတ်ပြန်ထားပါတယ်။

ရော်နယ်ဒိုဟာ တောင်ကိုရီးယားနိုင်ငံကို ၂၀၀၇ ခုနှစ်က လာရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ထို့စဉ်က မန်ယူအသင်းကစားသမားတစ်ဦးဖြစ်ပြီး အက်စီဆိုးလ်အသင်းနှင့် ခြေစမ်းခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၉ အခုဆို ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အမ္ဘာ့ အကောင်းဆုံးကစားသမားဆုကို (၅) ကြိမ်တိုင်ဆွပ်ခူးထားခဲ့ပြီး တစ်ဦးချင်းအောင်မြင်မှုတွေလည်း ရရှိထားခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့လည်း ယူရိုဖလား ၊ နေရှင်းလိဂ် ဖလားတို့ကိုလည်း ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။


20 Jun 2019     1,324 Views




RELATED

Most Popular of Football

Most Popular of Sport