BEC-TERO TV

ဥရောပကလပ်အသင်း တစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဗီယက်နမ် မက်ဆီ (ခေါ် ) ငုရင်ကောင်ဖောင်

20 Jun 2019     1,338 Views


ဗီယက်နမ်အသင်းဟာ အာရှမှာ ခြေစွမ်းတစ်ဟုန်ထိုး တိုးတက်လာတဲ့ အသင်းတစ်သင်းဖြစ်ပြီး အာဆီယံမှာ ထိပ်သီးအသင်းတစ်သင်း အဖြစ်ရပ်တည်နေပါတယ်။ ကစားသမားကောင်းတွေလည်း ပေါ်ထွက်လာခဲ့ပြီး ဗီယက်နမ်ကစားသမားတွေကို အာရှအသင်းကြီးတွေသာမက ဥရောပအသင်းတွေကပါ မျက်စိကျ စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။

ဗီယက်နမ်အသင်း၏ လက်ရွေးစင်ကစားသမား တိုက်စစ်မှူး ငုရင်ကောင်ဖောင် ကို ဥရောပကလပ် အသင်းတစ်သင်းက  စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ငုရင်ကောင်ဖောင် ကို ခေါ်ယူဖို့အတွက် ပြင်သစ် လီဂူး-၂ ကလပ် ကလာမောင့်အသင်းက အီးမေးပို့ဆက်သွယ်ခဲ့တယ်လို့ သိရပြီး ငုရင်ကောင်ဖောင်ရဲ့ ခြေစွမ်းကို ပြင်သစ်ကလပ် အသင်းဘက် သဘောကျနေတယ် လို့ သိရပါတယ်။

အသက် (၂၄) နှစ်အရွယ်ရှိ ငုရင်ကောင်ဖောင်ဟာ အာရှမှာ အလားအလာအရှိဆုံး လူငယ်တွေထဲ့မှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးဖြစ်ပြီး ထို့စာရင်းတွင် မြန်မာလက်ရွေးစင် တိုက်စစ်မှူး အောင်သူလည်းပါဝင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဗီယက်နမ် မက်ဆီ (ခေါ်)ငုယင်ကောင်ဖောင် ဟာ ဗီယက်နမ်ကလပ် ဟောင်အန်ဂယ်လိုင်အသင်း၏ ဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး မိတ်ဖက်ဖြစ်သော အာဆင်နယ်လူငယ်အသင်းနှင့် ပူတွဲ လေ့ကျင့်ခန်းဆင်းဖူးသူတစ်ဦးဖြစ်ပါတယ်။  အသက်အရွယ် ငယ်ရွယ်ပေမယ့်  ငုယင်ကောင်ဖာင်ဟာ j-league ဒုတိယတန်းကလပ်၊ k-league ကလပ် အင်ချွန်းယူနိုက်တက်အသင်း တို့မှာ ကစားသမားအတွေ့ အကြုံတွေ ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။.

ငုရင်ကောင်ဖောင်ဟာ လက်ရှိမှာ ဗီယက်နမ်ကလပ် HAGL အသင်းတွင် ကစားနေသူဖြစ်ပြီး ကလာမောင့်အသင်း မှာ ကစားဖို့အတွက် ကစားသမား အနာဂတ်ကို HAGL အသင်းဘက်က ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရပါတယ်။

 


20 Jun 2019     1,338 Views




RELATED

Most Popular of Football

Most Popular of Sport