ဆရာလေး အဂ္ဂဥာဏီအဖြစ် သာသနာ့ဘောင်ထဲကို ၀င်ရောက်သွားတဲ့ မိုးဟေကို
24 Jun 2019 1,935 Views

မမမိုးလို့ ချစ်စနိုးခေါ်ကြပြီး ပရိသတ်တိုင်းကချစ်ခင်အားပေးကြတဲ့ နိုင်ငံကျော်သရုပ်ဆောင် မိုးဟေကိုဟာဆိုရင် အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာနှစ်များစွာကြာပြီဖြစ်ပါတယ်။ သရုပ်ဆောင်လောကကို စတင်ဝင်ရောက်စဉ်ကတည်းက ပရိသတ်ရဲ့ချစ်မေတ္တာတွေကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အပြစ်ဆိုစရာမရှိအောင်လှပတဲ့ မျက်နှာလေးနဲ့ အမြဲတမ်းစတိုင်ကျလှပနေတတ်သူမို့ ပုရိဿတွေသာမက မိန်းမထုကြီးကပါ ၀န်းရံနေကြတာပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
သူမမိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတဲ့ မိုးကတော့ ဖိတ်ကြားတဲ့ပွဲတွေနဲ့ ကြော်ငြာရိုက်ကူးမှုတွေကိုသာပြုလုပ်ပြီး ပရိသတ်နဲ့အဆက်အသွယ်မပြတ်အောင်တော့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်ကနေ မျှဝေပေးလေ့ရှိပါတယ်။ ရုပ်ရှင်ကားကြီးတွေမှာ ခဏတာမတွေ့နိုင်တော့တာကြောင့် သူမကိုချစ်တဲ့ပရိသတ်ကြီးက သူမပုံလေးတွေကိုသာကြည့်ပြီး အလွမ်းဖြေနေကြရတာပါ။
အသက်ရလာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုရင့်ကျက်တည်ငြိမ်လာတဲ့ မိုးကတော့ ယနေ့မနက်ပိုင်းမှာပင် သာသနာ့ဘောင်သို့ ခေတ္တ၀င်ရောက်သွားလို့သိရပါတယ်။ မကြာခင် ဇွန်လ (၂၆) ရက်နေ့မှာကျရောက်မယ့် သူမရဲ့မွေးနေ့အတွက်ရည်ရွယ်ကာ မယ်သီလရှင်ဝတ်ပြီးကုသိုလ်ယူလိုက်တာပဲဖြစ်ပါတယ်။ သူမနဲ့အတူ ဇတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကလည်း သာသနာ့ဘောင်ကို အတူဝင်ရောက်ခဲ့ပါတယ်။
မိုးဟေကို မယ်သီလရှင်ဝတ်သွားတဲ့အကြောင်းကိုတော့ Star & Model Agency မှ ဂျွန်လွင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်ကနေ အသိပေးထားတာဖြစ်ပါတယ်။ ဂျွန်လွင်က “Moe hay ko သာသနာ့ဘောင်တွင်းသို့ဝင်… တရားထူးတရားမြတ်ရှာတွေ့ပြီး ဘဝမှာငြိမ်းချမ်းသာယာစွာဖြတ်သန်းနိုင်ပါစေ” လို့ တောင်းဆုပြုစကားရေးသားပြီး သီလရှင်ဝတ်သွားတဲ့မိုးဟေကိုရဲ့ပုံလေးတွေနဲ့တကွ ပရိသတ်ကြီးကိုအသိပေးထားတာဖြစ်ပါတယ်။
အေးချမ်းတည်ငြိမ်ပြီး ကြည်ညိုစရာကောင်းတဲ့ ဆရာလေး အဂ္ဂဥာဏီတစ်ဖြစ်လဲ မိုးဟေကိုရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိုးကတော့ သူမရဲ့မွေးနေ့မတိုင်ခင်ကတည်းက မွေးနေ့အကြိုအလှူဒါနတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၆) ရက်နေ့က မွေးနေ့အကြိုအလှူအဖြစ် ရန်ကုန်ဆေးရုံကြီးနဲ့ ကလေးဆေးရုံကြီးတို့မှာ အာဟာရဒါနများနဲ့ အလှူငွေများကိုပေးအပ်လှူဒါန်းခဲ့သလို ယနေ့မှာလည်း မယ်သီလရှင်ဝတ်ကာ သာသနာ့ဘောင်ကိုဝင်ရောက်ပြီး ကုသိုလ်များယူနေတာပဲဖြစ်ပါတယ်။ မိုးကိုချစ်တဲ့ ပရိသတ်ကြီးကလည်း သူမရဲ့အလှူကုသိုလ်တွေကို သာဓုခေါ်နိုင်ကြပါစေနော်…
(ပိုပိုလေး)