BEC-TERO TV

မသင်မနေရ မူလတန်းပညာရေးရှိလာပါကလည်း ကျောင်းပြင်ပမူလတန်း ပညလရေးရပ်ဆိုင်းသွားမည်မဟုတ်

31 Aug 2015     1,297 Views


အမျိုးသားပညာရေးဥပဒေမှာပါဝင်တဲ့ မသင်မနေရ မူလတန်းပညာရေးစနစ်အရ မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်ရင်လည်း ကျောင်းပြင်ပမူလတန်း ပညာရေး(NFPE)ကို ရပ်ဆိုင်းသွားမှာမဟုတ်ဘူးလို့ NFPE က စီမံချက်မန်နေဂျာ ဦးထွန်းကြည်က ပြောပါတယ်။မသင်မနေရ မူလတန်းပညာရေးဥပဒေသက်ဝင်လာရင် မသင်မနေရပညာရေးစနစ်နဲ့အတူ ကျောင်းပြင်ပမူလတန်းပညာရေးကိုပါ တွဲဖက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။မသင်မနေရ မူလတန်း ပညာရေးဟာ (၅)နှစ်မှ (၉)နှစ်အရွယ်ကလေးတွေအတွက်သာဖြစ်ပြီး NFPE ကတော့အသက် (၁၀)နှစ်မှ (၁၄)နှစ်အထိ ကျောင်းပြင်ပမူလတန်းကို သင်ကြားပေးနေတာဖြစ်တဲ့အတွက် မသင်မနေရမူလတန်း ပညာရေးစနစ် မတိုင်ခင်ကျန်ခဲ့တဲ့ ကလေးတွေလည်း NFPE ကိုဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။


31 Aug 2015     1,297 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS