ကိုးရီးယားနာမည်ကြီးရုပ်သံဋ္ဌာန MBC ကပြုလုပ်တဲ့ သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မာသာထူးဝါး ဗွီဒီယို
25 Jun 2019 2,035 Views

လူမှုကွန်ယက်ဖေ့ဘွတ်ခ်မှာ “ယုံကြည်ရာ” သီချင်းကို ကာဗာသီဆိုရင်းနာမည်ကြီးလာတဲ့ ကိုးရီးယားရောက် ကရင်မလေး မာသာ ထူးဝါးဟာဆိုရင် အသက်အားဖြင့် ငယ်ရွယ်သေးပေမဲ့ အမှန်တကယ် အရည်အချင်းရှိတဲ့ ကလေးမလေးပါ။ မာသာထူးဝါးဟာ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းကို သီဆိုပြီး လူသိများလာပါတယ်။ တောင်ကိုးရီးယားနိုင်ငံ KBS ရုပ်သံလိုင်းမှ My Neighbour Charles တီဗွီအစီအစဉ်မှာ ကိုးရီးယားရောက် မြန်မာလူမျိုး မိသားစုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ မပါဝင်ခင် မာသာထူးဝါးဟာ ပြီးခဲ့တဲ့ ၂၀၁၇ မှာ MBC ကပြုလုပ်တဲ့ Migrant’s song festival 2018 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ထူးဝါးတစ်ယောက် ဘယ်လို သီချင်းမျိုးနဲ့ ပါဝင် ယှဉ်ပြိုင်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Migrant Song Festival ဟာဆိုရင် ကိုးရီးယားလူမျိုးတွေ ယှဉ်ပြိုင်ရတာမဟုတ်ပဲ နိုင်ငံခြားသားတွေက ကိုးရီးယားမှာ ကိုးရီးယားဘာသာစကားနဲ့ သီဆိုလာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲတစ်မျိုးပဲဖြစ်ပါတယ်။
မာသာထူးဝါးဟာ အဆိုပါ Migrant’s Song Festival မှာ အငယ်ဆုံး အဆိုတော်တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မာသာထူးဝါးရဲ့ ကိုးရီးယား နာမည်ကတော့ Wang Yihwa ဖြစ်ပါတယ်။ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
Wang Yihwa ဟာ My Neighbours,Charles အစီအစဉ်မှာ ပါဝင်ပြီးနောက် တောင်ကိုးရီးယားမှ လူများ Yihwa ကိုအရင်ကထက်ပို သတိထားမိလာပါပြီ။ Yihwa ရဲ့ အမေဖြစ်သူဟာ Yihwa ကို နာမည်ကြီးအဆိုတော် So Hyang ဆီမှာ အသံပိုင်းဆိုင်ရာ ပိုမိုအားကောင်းအောင် သင်ယူစေခဲ့ပြီး အခုဆိုရင် Yihwa ဟာ လာမယ့် အောက်တိုဘာ ၂၀၁၉ မှာ ပြုလုပ်မယ့် ဘူဆန်ရုပ်ရှင်ပွဲတော်မှာ So Hyang နဲ့အတူ သီဆိုဖျော်ဖြေရတော့မှာပဲဖြစ်ပါတယ်။
ဘူဆန်ရုပ်ရှင်ပွဲတော်ဟာဆိုရင် တောင်ကိုးရီးယားရဲ့ အကြီးဆုံးရုပ်ရှင်ပွဲတော်ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံက တော်ရုံအဆိုတော်တွေတောင် ဖျော်ဖြေခွင့်ရရှိဖို့ မျှော်လင့်စောင့်စားနေရတဲ့ ပွဲကြီးပါပဲ။ ဒီပွဲမှာ မြန်မာက ကရင်မလေး မာသာထူးဝါးက တက်ရောက်ဖျော်ဖြေရမယ်ဆိုတော့ ဂုဏ်ယူဝမ်းသာစရာပါပဲနော်။ မာသာထူးဝါးလေး ဒီထက်မက အောင်မြင်ပါစေလို့ ပိုပိုလေးအဖွဲ့သားမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
(ပိုပိုလေး)