BEC-TERO TV

တောင်းဆိုမှုတွေ မလိုက်လျောပေးနိုင်တာကြောင် လမ်းခွဲလိုက်တာဖြစ်တယ်လို့ သင်ဇာ ပြောကြား

25 Jun 2019     3,387 Views


ရုပ်ရှင်သရုပ်ဆောင် ၊ Sexy မော်ဒယ် သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူမ၏ ချစ်သူ နိုင်ငံခြားသားနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။ သူတို့နှစ်ယောက်၏ ချစ်သူသက်တမ်း (၃)လသာကြာမြင့်ခဲ့တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ချစ်သူ နိုင်ငံခြားသားနဲ့ ဘာကြောင့် လမ်းခွဲလိုက်ရသလဲဆိုတာကို မီဒီယာတွေကို ဖွင့်ဟသွားခဲ့ပါတယ်။

“အခုပြတ်သွားတဲ့ ရီးလေးရှင်းရှစ် ဆိုရင်သူနဲ့သိတာ ၆ လ တစ်ကယ်တွဲတာ ၃ လပေါ့နော် ။ နှစ်ယောက်က အတူတူ ရန်ကုန်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အနေနီးတဲ့ ရီလေးရှင်းရှစ် မဟုတ်တာကြောင့် သံယောဇဉ်လည်း သိပ်မရှိသေးလို့ ပါမှာပေါ့။ လမ်းခွဲလိုက်တယ်ဆိုတာကလည်း နှစ်ဦးသဘောတူ လမ်းခွဲလိုက်တာပါ။ သူဘက်က တချို့ တောင်းဆိုမှုလေးတွေကို သင်ဇာဘက်က မလိုက်လျောနိုင်တာကြောင့် လမ်းခွဲလိုက်တာဖြစ်တယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဆက်လက်ပြီး “ သူ သင်ဇာကို တောင်းဆိုထားက နိုဝင်ဘာမှာ အလုပ်ထွက်မယ့် ပြီးရင် ကမ္ဘာ့ ပတ်မယ်ပေါ့ ၊ ကမ္ဘာ့ ပတ်မယ်ဆိုရင် အချိန် ၃ လ ၄ လလောက်ပေးရမှာလေ..။ အဲ့အခါက ကိုယ့်အလုပ်တွေထားပြီး သွားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ယူပြီးမှ သွားတယ်ဆိုလည်း တစ်မျိုးပေါ့နော် ။ မယူသေးဘဲ သွားမယ်ဆိုရင် အားလုံးက တစ်မျိုးတစ်မည် ထင်ကြမှာကြောင့် အဲ့ဒါကြောင့် လည်းပါတာပေါ့..။

အလုပ်ရှုတ်နေရင် ဗီဒီယို call မခေါ်ဖြစ်ဘူး။ သူဘက်ကပဲ စခေါ်ရတယ်။ သင်ဇာက အလုပ်ရှုတ်နေတာကြောင့် မက်ဆေ့ပဲ ပို့ဖြစ်တယ်။ သင်ဇာဘက်ကလည်း သူကိုအဲ့လောက်အချိန်မပေးနိုင်ဘူးလေ..။ အသေးအဖွဲလေးတွေ စုစုပြီး ဖြစ်လာတာကြောင့် အခုလို့ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ် ”လို့ ပြောကြားခဲ့ပါတယ်။

 


25 Jun 2019     3,387 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment