BEC-TERO TV

အချစ်တော် စပါးကြီးမြွေ ရစ်ပတ်တာခံရပြီး သခင်ဖြစ်သူ သေဆုံး

26 Jun 2019     2,979 Views


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား ကူတာဝါရင်း စီရင်စုမှ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သူမွေးမြူထားသောအချစ်တော် စပါးကြီးမြွေရစ်ပတ်ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။
 
ပြီးခဲ့တဲ့ သောကြာနေ့က ‘ဂျာနာ’ ဆိုသူ အမျိုးသားဟာ သူမွေးမြူထားတဲ့ အရှည် ၃ မီတာခန့်၊ အလေးချိန် ၁၇ ကီလိုရှိသည့် စပါးကြီးမြွေကြီးကို အိမ်နောက်ဖက် ခြံထဲတွင် ရေချိုးပေးနေစဉ် သူ့ရဲ့ကိုယ်လုံးကို ရစ်ပတ်ခံခဲ့ရပြီးနောက် ရုန်းမထွက်နိုင်တဲ့ အချိန်မှာ အရိုးများကို ဆွဲဆန့်ညှစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့ပါတယ်။
 
မြွေကြီးဟာ သခင်ကို ရစ်ပတ်ညှစ်သတ်ခဲ့ပြီးနောက် ခြံနောက်ဖေး ပိုက်လုံးကြီးကနေတစ်ဆင့် ထွက်ပြေးသွားခဲ့ပါတယ်။ ကျေးရွာအကြီးအကဲဖြစ်သူက ရွာသားများအား မြွေကြီးကို လိုက်လံရှာဖွေဖို့ အမိန့်ပေးခဲ့ပြီး လူစုခွဲကာ ရှာဖွေခဲ့ကြပါတယ်။ သိပ်မကြာမီမှာပင် မြွေကြီးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။
 
အဲဒီနောက် သခင်ကို သတ်ခဲ့တဲ့ မြွေကြီးအား သတ်ဖြတ်ကာ သူ့ရဲ့သခင်ဖြစ်တဲ့ ‘ဂျာနာ’ ၏ သင်္ချိုင်းဂူဘေးတွင် မြေမြုတ်ပေးခဲ့ကြောင်း သိရသည်။

26 Jun 2019     2,979 Views




RELATED

Most Popular of Special or Others

Most Popular of NEWS