BEC-TERO TV

အဆင့် ၇ ၊ ၈ ၊ ၉ ၊ ရလို့ ကျေနပ်နေတဲ့ အသင်းတွေကို မကိုင်တွယ်ဘူးလို့ မော်ရင်ဟို ပြောဆို

26 Jun 2019     1,318 Views


မန်ချက်စတာနည်းပြဟောင်း မော်ရင်ဟိုက နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းသစ်ကို ကိုင်တွယ်ခြင်း မရှိသေးဘဲ လက်ရှိမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်နဲသာ ဆောင်ရွတ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နယူးကာဆယ်အသင်းနှင့်လမ်းခွဲခဲ့သည့် နည်းပြ ဘင်နီတက်ဇ်နေရာမှာ အစားထိုးဝင်ရောက်မယ် လို့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသက် (၅၆)နှစ်ရှိ မော်ရင်ဟိုက မိမိအနေဖြင့် အမှတ်ပေးဇယားအဆင့် ၇ ၊ ၈၊ ၉ ဝန်းကျင်သာ ရပ်တည်နေတဲ့ အသင်းတွေကို ကိုင်တွယ်လိုခြင်း လုံးဝမရှိဟု အတိအလင်း ငြင်းဆိုခဲ့ပါတယ်။ စပါယ်ရှယ် ဝမ်း လို့ နာမည်ကျော်ကြားတဲ့ မော်ရင်ဟိုဟာ နည်းပြဘဝမှာ အသင်းကြီးအများစုကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး အောင်မြင်မှု ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ ပေါ်တို ၊ အင်တာ ၊မန်ချက်စတာ ယူနိက်တက်အသင်းတို့မှာ အဓိကဖလားတွေကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းလေးဖြစ်တဲ့ နယူကားဆယ်အသင်းကို မကိုင်တွယ်လိုခြင်း ဖြစ်ပါတယ်။

မော်ရင်ဟိုက “ကျွန်တော်ကိုယ်တွယ်မယ့်အသင်းတွေက ဆုဖလားတွေကို အလိုရှိနေတဲ့ အသင်း ၊ အောင်မြင်မှုတွေ ဆာလာနေတဲ့အသင်းတွေကိုပဲ ကိုယ်တွယ်ချင်တာပါ၊ အဆင့် ၇ ၊ ၈၊ ၉ တို့ရရင် ကျေနပ်နေတဲ့ အသင်းတွေ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော် ငြင်းဆိုပါတယ် ။ ကျွန်တော်က ဆုဖလားတွေနဲ့ ၊ နိုင်ပွဲတွေနဲ့ သာရပ်တည်ချင်တဲ့ သူပါ ” လို့ The Coaches Voice  မှာ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ဘင်နီတက်ဇ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့သော်လည်း အသင်းကိုရင်းနှီးမြှုပ်နှံမှု အားနည်းခြင်း ၊ အနာဂါတ်စီမံကိန်း မခိုင်မာခြင်း ၊ လစာကိစ္စ စတဲ့ အကြောင်းအရာတွေ တိုက်ဆိုင်မှု မရှိတာကြောင့် နှစ်ဖက် သဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။


26 Jun 2019     1,318 Views




RELATED

Most Popular of Football

Most Popular of Sport