BEC-TERO TV

နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း အသိပေးလိုက်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟယ်ကျို

27 Jun 2019     1,514 Views


တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတား စုံတွဲ Song-Song Couple ဟာဆိုရင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲဖို့ အတိအလင်းကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ဆောင်းဂျွန်ကီဟာ သူ၏ ရှေ့နေ Park Jae Hyun မှတစ်ဆင့် ပရိတ်သတ်ကို အသိပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးချစ်တဲ့ Song စုံတွဲ ဘယ်လို ကွာရှင်းပြတ်စဲဖို့ ဘယ်လိုသတင်းထုတ်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပထမဦးဆုံး ဆောင်းဂျွန်ကီမှ သူ၏ ရှေ့နေ Park Jae Hyun မှ တစ်ဆင့် အောက်ပါအတိုင်း ထုတ်ပြန်ပြောကြားလာပါတယ်။

“မင်္ဂလာပါ ကျွန်တော်က ဆောင်ဂျွန်ကီပါ။ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်ကို ချစ်တဲ့သူတွေဆီ ဒီလို သတင်းဆိုးမျိုး သယ်ဆောင်လာရတဲ့အတွက်တောင်းပန်ပါတယ်။ ကျွန်တော် ဆောင်းဟယ်ကျိုနဲ့ ကွာရှင်းပြတ်စဲဖို့ စီစဉ်ပြီးပါပြီ။ ကျွန်တော်တို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ရန်ဖြစ်နေမယ့်အစား ညင်သာစွာ လမ်းခွဲတဲ့ နည်းလမ်းကိုပဲရွေးချယ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေး ကိစ္စတွေကို ထုတ်ဖော်ပြောကြားဖို့တော့ ခက်ခဲတာကြောင့် နားလည်ပေးပါ။ ရှေ့လျှောက် အနုပညာအလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်သွားပြီး ပရိတ်သတ်ကို ကျေးဇူးဆပ်သွားပါ့မယ်” ဆိုပြီး ပြောကြားလာပါတယ်။

တစ်ဖန် ဆောင်းဟယ်ကျိုရဲ့ အေဂျင်စီ UAA မှလဲ အောက်ပါအတိုင်း သတင်းထုတ်ပြန်လာပါတယ်။

“မင်္ဂလာပါ ဆောင်းဟယ်ကျိုရဲ့ အေဂျင်စီ UAA ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ အခုလို သတင်းဆိုးကို သယ်ဆောင်လာရလို့ တောင်းပန်ပါရစေ။ ဆောင်းဟယ်ကျိုဟာ သူမရဲ့ ခင်ပွန်း ဆောင်ဂျွန်ကီနဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲဖို့ သဘောတူလိုက်ပါပြီ။ အကြောင်းအရင်းကတော့ သူတို့ နှစ်ဦး ဟာ လူမှုဆက်ဆံရေးပုံစံကွဲပြားပြီး သဘောထားချင်းမတိုက်ဆိုင်ကြလို့ပဲဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ မတူညီကွဲပြားတဲ့ဒဏ်ကို မကျော်လွန်နိုင်ခဲ့ကြရာက ဒီလို ဆုံးဖြတ်ချဖို့ ဖြစ်သွားခဲ့တာပါ။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝဖြစ်လို့ ပြဿနာအသေးစိတ်ကိုတော့ ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုပိုင်ခွင့်မရှိပါဘူး။ ဖြစ်ပျက်သွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပရိတ်သတ်ကြီး မကောင်းတဲ့ comment မျိုးတွေနဲ့ မပြောကြဖို့ တောင်းဆိုပါရစေ။ အခုလို သတင်းဆိုးနဲ့ စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်။ နောက်ခါ ဒီလို စိတ်မပျက်စေရအောင် ကျွန်တော်တို့ ဘက်က အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်” ဆိုပြီး ပြောကြားလာပါတယ်။

Song စုံတွဲဟာ အောက်တိုဘာလ ၃၁၊ ၂၀၁၇ မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး အိမ်ထောင်သက်တမ်း ၂ နှစ်နီးပါး ကြာတဲ့အချိန်မှာ လမ်းခွဲပြတ်စဲလိုက်ပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 

 


27 Jun 2019     1,514 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS