BEC-TERO TV

ပရိတ်သတ်တွေပါ ဟာခနဲ ဟင်ခနဲ ဖြစ်စေခဲ့တဲ့ ဝိန်း ရွန်းနီ၏ သွင်းဂိုး

27 Jun 2019     1,350 Views


ဒီမနက် ကစားခဲ့တဲ့ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်အသင်းနှင့် အော်လန်ဒို အသင်းတို့ ပွဲစဉ်မှာ အင်္ဂလန် ကစားသမားဟောင်း  ဝိန်း ရွန်းနီဟာ မနေ့က ဒီစီ ယူနိုက်တက်အသင်းအတွက် လှပသေသပ်တဲ့ အဝေးကစ်ချက်ဖြင့် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အော်လန်ဒို အသင်းက ဒီစီ ယူနိုက်တက် အသင်းဘက်ကို တိုက်စစ်ဆင်ကစားနေချိန်မှာ အောင်လန်ဒို ကစားသမား ၂ ဦးအမှားမှ ဘောလုံးက ရွန်းနီးဆီကို ထွက်လာခဲ့ပြီး ရွန်းနီက ကွင်းလယ်လောက်ကနေ တစ်ဖက် ဂိုးသမားကို ကျော်ထည့် ကန်သွင်းခဲ့တာဖြစ်ပြီး အဆိုပါ ဂိုးဟာ ပရိတ်သတ်တွေပါ အံ့အားသင့် မှင်သက်သွားစေခဲ့ပါတယ်။

ရွန်းနီဟာ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီစီ ယူနိုက်တက်အသင်းကို ရောက်ရှိပြီးနောက်ပိုင်း အသင်း ခြေစွမ်းပြကစားထားနိုင်ပဲပြီး အဖိုးတန် သွင်းဂိုးတွေကို အမြဲလိုလို သွင်းယူပေးနေခဲ့တာဖြစ်ပါတယ်။ ယခုရာသီ မေဂျာလိဂ်၏ သွင်းဂိုးအများဆုံး ၅ ဦးစာရင်းမှာ ပါဝင်နေပြီး အဲ့အထဲ့မှာ ကစားဖော်တွေဖြစ်ကြတဲ့ ဇလာတန် နှင့် နာနီ တို့လည်း ပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့မှာ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရပေမယ့် ယခု ဒီစီ ယူနိုက်တက်အသင်းမှာ မရှိမဖြစ် တိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်နေပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝိန်ရွန်းနီဟာ အသက်ကြီးပြီဆိုပေမယ့် ခြေစွမ်းပိုင်းမှာ လုံးဝမကျသေးဘူး ဆိုတာကို သက်သေပြနေဆဲပဲ ဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာ ဒီစီ ယူနိုက်တက်အသင်းက ပွဲချိန် ၁၀ မိနစ်မှာ သွင်းယူခဲ့တဲ့ ရွန်းနီရဲ့ သွင်းဂိုးနဲ့ အော်လန်ဒို အသင်းကို ၁-၀ အနိုင်ယူကာ အဖိုးတန် အနိုင် ၃ မှတ်ကိုရယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးဟာ ရွန်းနီ ဆယ်ကျော်သက်အရွယ်က သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကို အောက်မေ့သတိရစေခဲ့ပါတယ်။


27 Jun 2019     1,350 Views




RELATED

Most Popular of Football

Most Popular of Sport