မန်ယူအသင်းနှင့် ဆေးစစ်မှုခံယူရန်အတွက် လော်ရာ ဟိုတယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ဝမ်ဘစ်ဆာကာ
27 Jun 2019 1,504 Views

မန်ချက်စတာယူနိုက်အသင်းက ဒုတိယမြောက်ခေါ်ယူမှုအဖြစ် အင်္ဂလန် ယူ ၂၁ ညာနောက်ခံကစားသမား ဝမ်ဘစ်ဆာကာ ခေါ်ယူဖို့ ခရစ်စ္စတယ်ပဲလေ့စ် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းက ဝမ်ဘစ်ဆာကာဟာ အတွက် ပြောင်းရွေ့ ကြေး ပေါင် သန်း (၅၀) နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။
ဝမ်းဘစ်ဆာကာဟာ မန်ယူအသင်းနှင့် ဆေးစစ်မှု ခံယူရန်အတွက် ဝမ်ဘစ်ဆာကာဟာ လော်ရာ ဟိုတယ် သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ ဝမ်းဘစ်ကာမန်ယူအသင်းမှာ တစ်ပါတ် လုပ်ခ ပေါင်(၉၀၀၀၀) အထိရရှိသွားမှာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ကနဦး ပြောင်းရွေ့ ကြေးအရ ပေါင်း ၄၅ သန်းကိုအရင်ပေးချေရမှာဖြစ်ပြီး ကျန် ၅ သန်းကို စွမ်းဆောင်ပိုင်းပေါ်မူတည်ပြီး ရရှိမှာဖြစ်ပါတယ်။
ဝမ်းဘစ်ဆာကာဟာ ပြီးခဲ့တဲ့နှစ်က ပဲလေ့စ်အသင်း၏ မှာ အကောင်းဆုံးခြေစွမ်းပြ ကစားထားနိင်ခဲ့ပြီး အသင်း၏ တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆိုကို လည်းရရှိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒန်နီရယ် ဂျိမ်း ပြီးနောက် ဒုတိယမြောက်ခေါ်ယူမှု အဖြစ် ဝမ်ဘစ်ဆာကာကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး မကြာခင်မှာ အပြီးသတ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။