BEC-TERO TV

မက်စီကို ပျက်စီးမှာစိုးလို့ အရက်သောက်တဲ့ ရော်နယ်ဒင်ဟိုကို ရောင်းထုတ်ခဲ့တဲ့ ဘာကာ

27 Jun 2019     1,374 Views


ဘာစီလိုနာအသင်းကို နည်းပြ ဂွာဒီယိုလာကိုင်တွယ်စဉ်က နာမည်ကျော်ကစားသမား ရော်နယ်ဒင်ဟိုကို ရောင်းထုတ်ခဲ့ရဖူးပါတယ်။ ရော်နယ်ဒင်ဟို ကို ဘာကြောင့်ရောင်းထုတ်ခဲ့ရသလဲ ဆိုတဲ့ အကြောင်းကိုတော့ တစ်ချိန်က ဘာစီလိုနာမှာ တွဲကစားဖူးတဲ့ အလက်ဇန်းဒါးလုပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲ့ဒီအချိန်က ရော်နယ်ဒင်ဟိုဟာ နာမည်ကျော်ကြားနေတဲ့ အချိန်ဖြစ်ပြီး လူငယ်ကစားသမားလေး မက်စီကလည်း ခြေစွမ်းတောက်ပလာတဲ့အချိန်ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုနဲ့ ဒေကိုတို့ဟာ အရက်သော်ပြီး ဘာစီလိုနာ လေ့ကျင့်ရေးကို ရောက်လာတတ်လေ့ရှိတာကြောင့် အလားအလာကောင်းတွေရှိတဲ့ မက်စီကို အကျင့်ပျက်သွားမှာ စိုးတာကြောင့် ရော်နယ်ဒင်ဟို နဲ ဒေကို ကိုရောင်းထုတ်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ဂွာဒီယိုလာကိုင်တွယ်တော့ အဆိုပါ ကစားသမား နှစ်ယောက်စလုံးကို ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နာမည်ကျော် တီကီတာကာ ကစားကွက် နာမည်ကျော်လာခဲ့ပြီး ၂၀၀၄-၂၀၀၇ ကြားမှာ ကမ္ဘာ့အဆင့် ကစားသမားတွေအများအပြား ရှိနေတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်နဲ့ ဘာစီလိုနာကစားသမားဟောင်း အလက်ဇန်းဒါးလှပ်ဟာ ကစားသမားဘဝကနေ အနားမယူသေးဘဲ ပြီးခဲ့တဲ့ရာသီက BATE ဘိုရီဆော့ဗ်အသင်းမှာ ကစားခဲ့ပါတယ်။  ဘိုရီဆော့ဗ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးတာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။


27 Jun 2019     1,374 Views




RELATED

Most Popular of Football

Most Popular of Sport