BEC-TERO TV

ခင်ပွန်းသည်နဲ့ လမ်းခွဲပြီး နောက်ဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာခြေလှမ်းအကြောင်းပြောလာတဲ့ ဆောင်းဟယ်ကျို

27 Jun 2019     1,526 Views


မြန်မာနိုင်ငံမှာ အွန်စောလို့ သိကြတဲ့ မင်းသမီး ဆောင်းဟယ်ကျိုဟာဆိုရင် ဇွန်လ ၂၇ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ဆောင်းဂျွန်ကီနဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။ ခင်ပွန်းသည်နဲ့ လမ်းခွဲတော့မယ့်အကြောင်း အသိပေးပြီးနောက်မှာတော့ ဆောင်းဟယ်ကျိုဟာ ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာအလုပ်တွေအကြောင်းဆက်လက်အသိပေးလိုက်ပါတယ်။ ဆောင်းဟယ်ကျိုတစ်ယောက် အနုပညာအလုပ်တွေကို ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဆောင်းဟယ်ကျို အေဂျင်စီ ဖြစ်တဲ့ UAA မှ အေဂျင်စီမှ အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားလာပါတယ်။ “ဆောင်းဟယ်ကျိုဟာ လတ်တလောမှာ ဒါရိုက်တာ Lee Joo Young ရိုက်မယ့် Anna ရုပ်ရှင်ကားကြီးမှာ ပါဝင်ဖို့ ကမ်းလှမ်းခြင်းခံထားရပါတယ်။ သူမအနေနဲ့ ဇာတ်လမ်းကို ကြိုက်နှစ်သက်တာကြောင့် ပါဝင်ဖို့ များပါတယ်။ ဒါဟာ မင်းသား လီဗြောင်ဟွန်းနဲ့ A Single Rider ရိုက်ကူးပြီး ၂ နှစ်အကြာမှ ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ကားပဲဖြစ်ပါတယ်။”

ဆောင်းဟယ်ကျိုဟာ ဒီနှစ်ပိုင်းတွေမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခြင်းမျိုးမရှိသေးပဲ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာဗွီဒီယိုတွေပဲဆက်တိုက် ရိုက်ကူးနေခဲ့တာပါ။ အခုမှပြန်လည်ရိုက်ကူးဖို့ အကြောင်းဖန်လာတာဟာ ဝမ်းသာစရာပါပဲ။ ဆောင်းဟယ်ကျိုရဲ့ အနုပညာ ဖန်တီးမှုတွေကို ပိုပိုလေးနဲ့အတူ မျှော်လင့်စောင့်စားလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

Source-allkpo

(ပိုပိုလေး)


27 Jun 2019     1,526 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS