BEC-TERO TV

ပင်နတီမှာ ပါရာဂွေး အသင်းကို ၄-၃ ဖြင့် အနိင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ဘရာဇီးလ် (ဟိုက်လိုက်)

28 Jun 2019     1,361 Views


ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်အသင်းဟာ ပါရာဂွေး အသင်းကို ၄-၃ ဖြင့် အနိင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲ အိမ်ရှင် ဘရာဇီးလ် အသင်းဟာ ပါရာဂွေးကိုအသင်းကို ပထမပိုင်းတစ်ပိုင်းလုံး ဘောလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးရရှိဖို့အတွက် အတော်ရုံးကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာ ဘရာဇီးလ်အသင်းကပဲပိုပြီး ဖိအားပေးကစားထားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်အရောက်မှာ ပါရာဂွေး အသင်းနောက်ခံလူ ဘာဖီရန် ဘယ်ဘူနာ က ဖာမီနိုကဖြတ်ထုတ်တာ ကြမ်းတမ်းလို့ အနီကဒ်ပြ ထုတ်ခံခဲ့ရပါတယ်။

ထို့နောက် ဘရာဇီးအသင်းက တစ်ဖက်သတ် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ပါရာဂွေး အသင်း၏ ခံစစ်ကို မကျော်ဘဲ မိနစ် (၉၀) ပွဲပြီးဆုံးချိန်မှာ ၀-၀ ဖြင့်ပြီးဆုံးခဲ့ပါတယ်။ထို့နောက် နှစ်ဘက်အသင်း ပင်နတီ ကန်သွင်းခဲ့ကြပြီး  ဘရာဇီးလ်အသင်းက  ဝီလျံ ၊ မာကွင့်ဟို ၊ ကော်တင်ဟို ၊ ဂျေးဆပ် တို့ဂိုးဝင်ခဲ့ကြရာ ဖာမီနိုက တစ်လုံး လွှဲချော်ခဲ့ပါတယ်။ ပါရာဂွေးအသင်းက မီဂေး အယ်မီရွန် ၊ ဗဲလ်ဒေ့ ၊ ရိုဂျက်စ် တို့ ဂိုးဝင်ခဲ့ကြပြီး ဂိုးမက်စ် နဲ့ ဂိုဇာလက်ဇ် တို့က လွှဲချော်ခဲ့ကြပါတယ်။

ဒါကြောင့် ဘရာဇီးလ်အသင်းဟာ ပါရာဂွေး အသင်းကို ၄-၃ ဖြင့် အနိင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဆီမီးဖိုင်နယ်တွင် ဗင်နီဇွဲလား-အာဂျင်တီးနားပွဲမှ အနိုင်ရသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။


28 Jun 2019     1,361 Views




RELATED

Most Popular of Football

Most Popular of Sport