BEC-TERO TV

ချစ်သူ Li Chen နဲ့ အတိအလင်းလမ်းခွဲလိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့ ဖန်ဘင်းဘင်း

28 Jun 2019     1,618 Views


တရုတ်ပြည်သူ့သမ္မတနိုင်ငံ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ဖန်ဘင်းဘင်းဟာ သူမ စေ့စပ်ထားတဲ့ ချစ်သူ Li Chen နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာလိုက်ပါပြီ။ ဖန်ဘင်းဘင်းနဲ့ Li Chen တို့ဟာ ၂၀၁၅ မှာ ချစ်သူရည်းစားစဖြစ်ခဲ့ပြီး ၂၀၁၇ မှာ စေ့စပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ယခု ၂၀၁၉ ချစ်သူ သက်တမ်း ၄ နှစ်အကြာမှာ လမ်းခွဲပြတ်စဲလိုက်တာပဲဖြစ်ပါတယ်။ ဖန်ဘင်းဘင်းတစ်ယောက် ချစ်သူနဲ့ လမ်းခွဲပြတ်စဲတာကို ဘယ်လို စကားလုံးလှလှလေးတွေနဲ့ အသိပေးလိုက်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“ကျွန်မတို့ဘဝမှာ မတူညီတဲ့နှုတ်ဆက်ခြင်းမျိုးတွေနဲ့ ကြုံတွေ့ရတာဟာ သဘာဝပါပဲ။ ကျွန်မဘေးမှာ အမြဲဖေးမပေးပြီး ချစ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဟာ ချစ်သူအဖြစ်က ရပ်စဲလိုက်ပေမယ့် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါ။ သူငယ်ချင်းကနေ ချစ်သူဖြစ်လာပြီး ချစ်သူကနေ သူငယ်ချင်းပြန်ဖြစ်လာတာပါ။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ပြောဆိုဆက်ဆံပုံက ချစ်သူလို မဟုတ်တော့ပေမဲ့ စိတ်နှလုံးထဲက တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်ချက်တွေကတော့ ပြောင်းလဲမသွားပါဘူး။ တစ်ယောက်ကိုတစ်ယောက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းအနေနဲ့ ဆက်လက်ကူညီနေဦးမှာပါ ဒါကအဆုံးမရှိပါဘူး” ဆိုပြီး ပြောကြားသွားပါတယ်။

ဖန်ဘင်းဘင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလမှာ တရုတ်အစိုးရကို အခွန်ရှောင်မှုကြောင့် အနုပညာအလုပ်များခေတ္တရပ်နားထားတာဖြစ်ပြီး ပြဿနာပေါင်းမြောက်များစွာ ကြုံတွေ့ခဲ့ရပါတယ်။ ထိုအချိန်တုန်းက ချစ်သူ Li Chen က သူမအနားမှာ အမြဲဖေးမကူညီနေသူတစ်ဦးပါ။ သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာကို မလိုလားတဲ့အတွက် ချစ်သူနဲ့ လမ်းခွဲလိုက်တယ်လို့ ပရိတ်သတ်အများက မှတ်ချက်ပေးနေကြပါတယ်။

Source-CNN

(ပိုပိုလေး)


28 Jun 2019     1,618 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS