BEC-TERO TV

တိုက်ပေါ်ကနေ ပြုတ်ကျလာတဲ့ ကလေးကို အောက်ကနေ ဆီးဖမ်တဲ့ရုပ်သံ

28 Jun 2019     1,941 Views


အီစတန်ဘူလ်မြို့ရှိ နေအိမ်တိုက်ခန်း ဒုတိယအထပ်ကနေ ပြုတ်ကျလာတဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်လေးကို လမ်းသွားလမ်းလာ လူငယ်တစ်ဦးက အောက်ကနေ အချိန်မီ ဆီးဖမ်းနိုင်ခဲ့တဲ့အတွက် ကလေးဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရပါတယ်။
 
 
အသက် ၁၇ နှစ်အရွယ် Fawzi Zabaat ဆိုသူ လူငယ် လမ်းလျှောက်လာစဉ် တိုက်ခန်း ဒုတိယအလွှာရှိ ဖွင့်ထားတဲ့ ပြတင်းပေါက်အနီးတွင် ကလေးတစ်ယောက် ကစားနေတာကို တွေ့ခဲ့ပါတယ်။ ကလေးဟာ အောက်ပြုတ်ကျတော့မယ့်အခြေအနေရှိတာကြောင့် အောက်ကနေ အော်ဟစ်ပြီး သတိပေးခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ကလေးက အောက်ပြုတ်ကျလာတဲ့အတွက် ကြိုးစားပြီး ချိန်သားကိုက်အောင် ဆီးဖမ်းခဲ့ရာ ကလေးက မြေကြီးပေါ်မကျခင် သူ့ရဲ့လက်ထဲမှာ ဖမ်းမိပြီး ကယ်တင်နိုင်ခဲ့ပါတယ်။
 
 
အဆိုပါရုပ်သံပျံ့နှံ့ခဲ့ပြီး လူငယ်ကို အတုယူစရာပုဂ္ဂိုလ်အဖြစ် ဝိုင်းဝန်းချီးမွမ်းကြသလို ဒေသတွင်းသတင်းမီဒီယာ Dogan ကလည်း ခေါ်ယူပြီး တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

28 Jun 2019     1,941 Views




RELATED

Most Popular of Special or Others

Most Popular of NEWS