BEC-TERO TV

ဂျာမဏီအသင်းကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပြီး ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်း

01 Jul 2019     1,353 Views


FT: စပိန် ၂-၁ ဂျာမဏီ

မနေ့ညက ကစားခဲ့တဲ့ ဥရောပ ယူ-၂၁ ဗိုလ်လုပွဲမှာ စပိန်အသင်းက ဂျာမနီအသင်းကို အနိုင်ယူပြီး ချန်ပီယံဖလားကို ၅ ကြိမ်မြောက် ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ စပိန်အသင်းဟာ ၂၀၁၇ ဗိုလ်လုပွဲ တုန်းကလည်း ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ယခုအခါ စပိန်အသင်းက အဆိုပါ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။စပိန်အသင်းအတွက် ဂိုးတွေကို ဖေဘီယန် ၊ အောမို တို့ကသွင်းယူပေးခဲ့ပြီး ဂျာမဏီအသင်းအတွက် ခြေပဂိုးကို အာမီရီကို မိနစ် ၈၈ အရောက်မှာ သွင်းယူနိုင်ခဲ့ပါတယ်။

စပိန် လက်ရွေးစင် အသင်းကြီးဟာ ဥရောပဖလားကို ၃ ကြိမ်၊ ယူ ၂၁ အသင်းက ဥရောပဖလား ၅ ကြိမ်၊ ယူ ၁၉ အသင်းက ဥရောပဖလား ၁၀  ကြိမ်၊ ယူ ၁၇ အသင်းက ဥရောပဖလား ၉ ကြိမ်အသီးသီး ဆွတ်ခူး ထားခဲ့ပြီ ဖြစ်ပါတယ်။

 


01 Jul 2019     1,353 Views




RELATED

Most Popular of Football

Most Popular of Sport