BEC-TERO TV

ကော့ကရိတ် - မြ၀တီအာရှလမ်းသစ်ဖွင့်လှစ်

01 Sep 2015     1,288 Views


မြန်မာ-ထိုင်းချစ်ကြည်ရေး ကော့ကရိတ် - သင်္ဃန်း ညီနောင်- မြ၀တီလမ်းလွှဲပြောင်းပေး အပ်ပွဲ ဖွဲ့ပွဲနဲ့ မြ၀တီ-မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)ပန္နက်တင်အခမ်းနားကို သြဂုတ်လ(၃၀)ရက်နေ့ကပြုလုပ်ခဲ့လိုပြန်ကြားရေ၀န်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အခုဖွင့်လှစ်မှုနဲ့လွဲပြောင်းမှုကိုတော့ နိုင်ငံတော် ဒုတိယသမ္မတ ဦးညဏ်ထွန်းနဲ့ထိုင်း နိုင်ငံ ဒုတိယ၀န်ကြီးချုပ်ပါဝင်ပြီးတာဝန်ရှိသူတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အ ချို့ကခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။အခုဖွင့်လှစ်ခဲ့တဲ့ကော့ကရိတ်- သင်္ဃန်း ညီနောင်- မြ၀တီလမ်း အရှည်(၄၅.၄၅)ကီလိုမီတာရှိပြီးဒီလမ်းကတစ်ဆင့် မြန်မာနဲ့ထိုင်း နိုင်ငံတွေကြားကုန်သွယ်မှုတိုးမြင့်နိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်ထိုင်းဘက်မှာဆိုထိုင်း နိုင်ငံတာ့ခ်ခရိုင်မဲဆောက်မြို့နဲ့ဆက်စပ်နေတာဖြစ်ပြီး အိန္ဒိယ- မြန်မာ -ထိုင်း ၃ နိုင်ငံကို ဆက်သွယ်ပေးရုံမကမဟာမဲခေါင်ဒေသအတွင်းရှိနိုင်ငံနဲ့အာရှနိုင်ငံများနဲ့လည်းပိုမိုဆက်သွယ်နိုင်မယ်လို့သိရပါတယ်။ဒီလမ်းမကြီး ၂၀၁၄ခုနှစ်ဧပြီလ ကတည်းကထိုင်းနိုင်ငံအ ကူညီနဲ့တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး ထိုင်းဘတ်ငွေ(၁၁၆၆)သန်းကုန်ကျခဲ့တယ်လို့ လည်းသိရပါတယ်။၂၀၁၄ ကတည်းကပြီးသွားပြီး ခဲ့တဲ့လပိုင်းကဖွင့်ဖို့စီစဉ်ခဲ့ပေမယ့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ပဋိပက်ခတွေကြောင့်အခုမှဖွင့်လှစ်ခဲ့ရတာဖြစ်ပါတယ်။


01 Sep 2015     1,288 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS