BEC-TERO TV

ဆာလက်က အီဂျစ်မှာ ဘုရားသခင် ဖြစ်နေပါပြီလို့ ပြောဆိုလိုက်တဲ့ ကယ်လာ

01 Jul 2019     1,398 Views


ပြီးခဲ့တဲ့ ရက်ပိုင်းက အီဂျစ်ဘောလုံးအဖွဲ့ ချုပ်ဟာ အမျိုးသမီးတချို့နဲ့ ညစ်ညမ်းစကားတွေ အလွန်အကျူး ပြောဆိုခဲ့တဲ့ အီဂျစ်ကွင်းလယ်ကစားသမား ဝါဒါဟာ အီဂျစ်ဘောလုံး လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခဲ့ပြီး အိမ်ပြန်ဖို့ ညွန်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဆာလက်၏ စကားတစ်ခွန်းကြောင့် အီဂျစ်ဘောလုံးအဖွဲ့ ချုပ်ဟာ ဝါဒါကို အီဂျစ်ဘောလုံးအသင်းမှာ ကစားခွင့် ပြန်လည်အခွင့်အရေးပေးခဲ့ပါတယ်။

ဂရိကလပ် PAOK အသင်းမှ ကွင်းလယ်တိုက်စစ်သမား ၀ါဒါဟာ အမျိုးသမီးတွေနဲ့ စကားပြောဆိုရာမှာ အလွန်းအကျူးဖြစ်ခဲ့ပါတယ်။ ၄င်းနဲ့ ပြောဆိုခဲ့တဲ့ စခရင်ရှော့ တွေကို လူမှုကွန်ယက်မှာ ပျံနှံလာပြီး စည်းကမ်းနဲ့ဖောက်ဖျက်ခဲ့တဲ့ အတွက်ကြောင့် အီဂျစ်ဘောလုံးအဖွဲ့ ချုပ်က အသင်းကနေ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ်အသင်း၏ ဆာလက်အပါအဝင် စီနီယာကစားသမားတွေ အပါအဝင် ဝါဒါကို အသင်းမှာ ပြန်လည်အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဝါဒါတစ်ယောက် အီဂျစ်အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး ဆာလက်က  “ အမျိုးသမီးတွေဟာ လေးစားခံထိုက်သူတွေဖြစ်ပါတယ်။ အမှားတစ်ခုကို ကျူးလွန်လိုက်တဲ့အတွက်ကြောင့် ထုတ်ပယ်လိုက်တာဟာ အလွယ်ဆုံးအလုပ်ပါ။ ဒါပေမယ့် လုံးဝမှန်ကန်တယ်လို့တော့ မယုံကြည်ပါဘူး ။ ဒုတိယအကြိမ်တော့ အခွင့်အရေး ရသင့်ပါတယ်။ မှန်ကန်တဲ့ လမ်းညွန်မှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ထုတ်ပယ်လိုက်တာ ဟာ အကောင်းဆုံး အဖြေမဟုတ်ပါဘူး ” လို့ သူ၏ တွတ်တာ မှတဆင့် နားချစာရေးသားခဲ့ပါတယ်။

ထို့နောက် နာရီပိုင်းအတွင်းမှာ အီဂျစ်ဘောလုံးအဖွဲ့က ၀ါဒါကို ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဝါဒါနဲ့ ပြောဆိုခဲ့တဲ့ ဗြိတိန်-အီဂျစ် အမျိုးသမီး မာဟယ်ကယ်လာကတော့ ဆာလက်ကို ဝေဖန်မှုတွေ ပြောဆိုခဲ့ပါတယ်။  အသက် (၂၈) နှစ်အရွယ် မာဟယ်ကယ်လာဟာ အင်စတာဂရမ်မှာ ဖောလိုဝါ ၂ သိန်း ၄ သောင်းခန့်ရှိတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

မာဟယ်ကယ်လာက “ ဆာလက်ဟာ အီဂျစ်နိုင်ငံမှာ ဘုရားသခင်လို့ ဖြစ်နေပါပြီ။ သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် အီဂျစ်မှာတော့ ဘုရားသခင်ပါပဲ ။ သူပြောရင် သေဆိုရင်သေ ၊ ရှင်ဆိုရင်ရှင် ၊ သူလုပ်တာအမှန် ၊ သူလုပ်ရင် အမှားဆိုတာ မရှိဘူး။ ” ပြောဆိုလိုက်ပါတယ်။

ဆက်လက်ပြီး  “ကျွန်မဆိုရင် ကျွန်မတိုင်းပြည်ကိုတောင် မပြန်ရဲတော့ပါဘူး ၊ လမ်းမှာ ကျွန်မကို လုပ်ကြံချင် လုပ်ကြံကြမှာပါ၊ ဘောလုံးပရိတ်သတ်တွေက ဘယ်လောက်ဆိုးသွမ်းလဲ သိကြတယ်မလား ၊ အီဂျစ်မှာတော့ အဲ့ထက် အဆ ၁၀၀ ဆိုးပါတယ် ” လို့သူမက ပြောပါတယ်။

ထို့နောက် သူမဟာ အီဂျစ်ပရိတ်သတ်တွေရဲ့ အမုန်းတော်ခံဖြစ်လာပြီး ရန်မူတဲ့ မက်ဆေ့တွေ ထောင်ချီပြီး ရရှိတယ်လို့ ဆိုပါတယ်။ မာဟယ်ကယ်လာကတော့ ဒူဘိုင်မှာ နေထိုင်တာ (၇) နှစ်တာကြာပြီးဖြစ်ပြီး သူမကို မက်ဆေ့တွေနဲ့ ချိန်ခြောက်စာ ပို့တဲ့အတွက် ယူအေအီးနိုင်ငံကနေ တရားစွဲဖို့ စီစဉ်နေပြီ လို့သိရပါတယ်။

Ref;  Mirror


01 Jul 2019     1,398 Views




RELATED

Most Popular of Football

Most Popular of Sport