ဂျူဗင်တပ်စ်နဲ့ ဆေးစစ်မှုတွေပြုလုပ်ဖို့အတွက် တူရင်ကိုရောက်ရှိနေတဲ့ မန်ယူပစ်မှတ် ရာဘီရိုစ့်
01 Jul 2019 1,521 Views

ပီအက်စ်ဂျီအသင်း၏ ကွင်းလယ်ကစားသမားဟောင်း ရာဘီရိုစ့်ဟာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွေ့ ဖို့အတွက် ဆေးစစ်မှုခံယူဖို့ တူရင်သို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ အီတလီမှလာတဲ့ ဘောလုံးသတင်းတွေ အရ သိရပါတယ်။ ရာဘီရိုစ့်ဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်ကို ပေါင် ၆.၂ သန်း အပြင် အပိုဆုကြေးတွေ ရရှိသွားမယ်လို့ သိရပါတယ်။ စာချုပ်ချုပ်တဲ့ အခါမှာလည်း ပေါင် ၉ သန်း ရရှိသွားဦးမှာ ဖြစ်ပါတယ်။
အဆိုပါ ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ အသင်းတော်တော်များများ စိတ်ဝင်စားမှုရှိခဲ့ပြီး ဘာစီလိုနာ ၊ မန်ယူ တို့နဲ့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာဘီရို့စ်က ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ ဖို့ အတွက်ပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းက ရာဘီရို့စ်ကို လက်မလွတ်ချင်ခဲ့ပေမယ့် ပြင်သစ်သားကတော့ စာချုပ်သက်တိုးတိုးဖို့ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူကို ခေါ်ယူချင်တဲ့အသင်းတွေဟာ အလွတ်နဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းက ရာဘီရိုစ့်အတွက် ပြောင်းရွေ့ ကြေး မရရှိခဲ့ပေမယ့် ဈေးကွက်မှာ ငွေသုံးကြမ်းနေပြီး အေဂျက်စ်အသင်းမှ ဒီလစ်ကို ပေါင်း သန်း ၇၀ နဲ့ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။