အောင်လအန်ဆန် နှင့် စိန်ခေါ်သူ ဘရန်ဒန်တို့ ဗီရာ ထိုးသတ်မည့်ရက်ကို ကြေညာလိုက်ပြီ
02 Jul 2019 2,063 Views

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဘရန်ဒန် ဗီရာ နဲ့ ONE Championship လိုက်ဖ် ဟဲဗီးဝိတ်တန်းကို ထိုးသတ်ဖို့အတွက် ONE Championship ရဲ့ CEO / Founder ဖြစ်သူ Chatri Sityodtong က ထိုးသတ်မည့်ရက်ကို ကြေညာလိုက်ပါပြီ။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က အောင်လအန်ဆန်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ “ကန်ဟာဆီဂါဝါ” ကို အနိုင်ယူခဲ့ပြီးနောက် လှောင်အိမ်ထဲ့မှာ အောင်ပွဲခံနေစဉ် ဟဲဗီးဝိတ်ချံပီယံ “ ဘရန်ဒန် ဗီရာ” က လှောင်အိမ်ထဲ ဝင်လာပြီး “အောင်လအန်ဆန်” ကို ဟဲဗီးဝိတ်တန်းကို ထိုးသတ်ဖို့အတွက် တလေးတစားနဲ့ စိန်ခေါ်သွားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်ကလည်း ဘရန်ဒန် ဗီရာ၏ စိန်ခေါ်မှုကို တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ခံခဲ့ပါတယ်။ ယခု မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်ချံပီယံ ဘရန်ဒန် ဘယ်ရာတို့ ထိုးသတ်မယ့် ပွဲကြီးကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့ ဂျပန်နိင်ငံမှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ ONE Championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုခါးပတ်ကို သုံးကြိမ်တိုင် ကာကွယ်နိုင်ခဲ့ပြီး လိုက်ဖ်ဟံဗီးဝိတ် ခါးပတ်ကိုတော့ ပထမဆုံးအကြိမ် ကာကွယ်နိုင်ဖို့အတွက် ဘရန်ဒန် ဗီရာ နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။