95 ခုနှစ်ဖွားတွေက ရုပ်ချောတယ်ဆိုတာသက်သေပြနေတဲ့ Kpop အဆိုတော်(၅) ဦး
02 Jul 2019 1,681 Views

95 ခုနှစ်ဖွားတွေက ရုပ်ချောတယ်ဆိုတာသက်သေပြနေတဲ့ Kpop အဆိုတော်(၅) ဦး
တောင်ကိုးရီးယား နိုင်ငံရှိ အဆိုတော်၊ သရုပ်ဆောင် တွေဟာဆိုရင် အရည်အချင်းရှိတာအပြင် ရုပ်ရည်ချောမော ပြီးပြည့်စုံနေတာကြောင့် ခုနောက်ပိုင်း လူငယ်တွေကြားထဲ လူကြိုက်များ ရေပန်းစားလာတာပဲဖြစ်ပါတယ်။ များလှစွာသော kpop idols အဆိုတော်တွေထဲက ၁၉၉၅ ခုနှစ်မှာ မွေးတဲ့ သူတွေက ရုပ်ရည်ချောမောတယ်ဆိုတာ သက်သေပြနေတဲ့ သူလေးများရှိကြပါတယ်။ သူတို့က ဘယ်သူတွေဖြစ်မယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Jisoo
.jpg)
Blackpink အဖွဲ့ဝင် Jisoo ကတော့ ချစ်စရာကောင်းတဲ့ အမူအရာမျိုး ပိုင်ဆိုင်ထားပြီး စင်မြင့်ထက်ဖျော်ဖြေတဲ့အခါမှာ သူမရဲ့အလှက ဆွဲဆောင်မှုရှိနေတာကို တွေ့ရမှာပါ။
Nayeon

Twice အဖွဲ့မှ ယုန်သွားလေးနဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Nayeon ကလဲ ၉၅ ခုနှစ်ဖွားပါ။ သူကလဲ ချစ်စရာလေးပါနော်။
Seolhyun

အဆိုတော်တစ်ယောက်လဲဖြစ်၊ ကြော်ငြာမင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားလှတဲ့ Seolhyun ကလဲ ၉၅ ခုနှစ်ဖွားပါပဲ။ ချစ်စရာကောင်းတယ်ဆိုတာထက်သူမကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။
Ahn Jiyoung

Bolbbalgan4 မှ အသံချိုချိုလေးရဲ့ ပိုင်ရှင် Ahn Jiyoung ကလဲ ၉၅ ခုနှစ်မှာ မွေးဖွားလာသူတစ်ဦးဖြစ်ပြီး သူမအသံလေးအတိုင်း Sweet ဖြစ်တဲ့ မျက်ဝန်းလေးတစ်စုံ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
Namjoo

ချောမော လှပတဲ့ Apink အဖွဲ့ဝင် Namjoo ကလဲ ၉၅ ခုနှစ်မှာ ဖွားမြင်သူတစ်ဦးပါ။ သူမဟာ ချစ်စရာလဲ ကောင်းသလို ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦးပါပဲ။
၁၉၉၅ ခုနှစ်မှာ မွေးဖွားတဲ့ kpop idols တွေကတော့ အချောလေးတွေချည်းပါပဲ။ ၉၅ ခုနှစ်ဖွားတွေ ချောတယ်ဆိုတာ သူတို့ကို ကြည့်ရုံနဲ့တင် ယုံကြည်ပေးဖို့ လုံလောက်သွားပါပြီ။
Source-koreaboo
(ပိုပိုလေး)







