BEC-TERO TV

ချဲလ်ဆီးအသင်း၏ သူရဲကောင်း(သို့မဟုတ်) အိုက်ဗရီကိုစ့်နိုင်ငံ၏ ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းအောင် လုပ်ဆာင်နိုင်ခဲ့တဲ့ ဒီဒီယာ ဒရော့ဘာ

02 Jul 2019     1,529 Views


ချဲလ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာဟာ အိုက်ဗရီကို့စ်နိုင်ငံ၏ သူရဲကောင်းလို့ သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပြီး ပြည်သူအားလုံးကလည်း ချစ်ခင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒရော့ဘာဟာ ကစားသမားဘဝမှာ အောင်မြင်မှုဆုဖလားတွေကို စွမ်းဆောင်နိုင်ခဲ့လို အိုက်ဗရီကို့စ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးကို လည်း ရပ်တန့်အောင် လုပ်ဆောင်နိုင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒရော့ဘာ အိုက်ဗရီကိုစ့်နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ အစိုးရစစ်ဖြစ်ပွားနေချိန်မှာ ကြားဝင်ပြီး ပြေလည်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီဒီယာ ဒရော့ဘာ၏ အံ့အားသင့်စရာ လုပ်ဆောင်မှုတွေကြောင့် ပြည်တွင်းလက်နက်ကိုင်တွေဟာ အစိုးရနဲ့ နှစ်ဖက်စစ်ပြေငြိမ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ကို ဆွဲခေါ်နိုင်ခဲ့ပါတယ်။

အိုက်ဗရီကိုစ့်နိုင်ငံဟာ  သမိုင်းတစ်လျှောက် ၂၀၀၆  ကမ္ဘာဖလားကို ပထမဦးဆုံးအကြိမ် ဝင်ခွင့်ရရှိခဲ့ပါတယ်။ ထို့နေ့မှာ ပြည်သူအားလုံး အပျော်ကြီးပျော်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာ ဝမ်းနည်းစရာတွေရှိနေတာက အိုက်ဗရီကိုစ့်နိုင်ငံမှာ ပြည်တွင်းစစ်ကြီးဖြစ်ပွားနေပြီး လူပေါင်း ၄ ထောင်ကျော်သေဆုံးပြီး လူ တစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြရပါတယ်။ အိုက်ဗရီကိုစ့် အသင်းခေါင်းဆောင် ဒရော့ဘာဟာ မီဒီယာတွေနဲ့ ဖိတ်ကြားပြီးတော့ တစ်ချိန်တည်းမှာ အိုက်ဗရီကိုစ့်နိုင်ငံကို အကြီးမားဆုံး ပြောင်းလဲစေမယ့် မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

“အိုက်ဗရီကိုစ့် နိင်ငံမှာနေထိုင်တဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ အလယ် စတဲ့နေရာအသီးသီးမှာရှိတဲ့ ယောင်္ကျား ၊ မိန်းမ စတဲ့ ပြည်သူအပေါင်းတို့ ! ကျွန်တော်တို့ဟာ ပူးပေါင်းဆောင်ရွတ်မှုကြောင့် ယခုလို့ ကမ္ဘာ့ ဖလားဝင်ခွင့်ကြီးကို ရရှိခဲ့ပါပြီ။ ဒါဟာ အတူတကွပေါင်းစည်း လုပ်ဆောင်မှုတွေကြောင့်ပါ။ နောက် ငါတို့တိုင်းပြည်မှာ ပြည်တွင်းစစ်အရိမ်မဲကြီးကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေကြပါတယ်။ မင်းတို့တွေ လက်နက်တွေကို ချပြီး ငြိမ်းချမ်းရေးယူကြပါ။ ပြီးရင် ရွေးကောက်ပွဲဝင်ပြိုင်ကြပါ ။ ငါတို့ကို ပျော်ရွင်စရာတွေ ယူဆောင်ပေးပါလိမ့်မယ် လို့ ”  အိုက်ဗရီကိုစ့် အသင်းခေါင်းဆောင် ဒရော့ဘာက ပြောကြားခဲ့ပါတယ်။

အိုက်ဗရီကိုစ့်နိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရပါတယ်။ သန်းနဲ့ချီပြီးတော့ လူတွေလည်း အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြရပါတယ်။ ဒရော့ဘာဟာ အဆိုပါ ပြည်တွင်စစ်ကြီး ပြီးဆုံးဖို့အတွက် ၃ နှစ်တိုင်တိုင် ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွတ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အိုက်ဗရီကိုစ့် နိုင်ငံဟာ ကမ္ဘာ့ ဖလား ဝင်ခွင့်ရရှိခဲ့ပါတယ်။ ထို့နောက် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ အစည်း တွေလည်း ငြိမ်ချမ်းရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်လာခဲ့ကြပြီး ၂၀၀၇ ခုနှစ်အတွင်းမှာ အိုက်ဗရီကိုစ့်နိုင်ငံ သမ္မတကြီး Laurent Gbagbo က လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမှု သေဘာတူညီမှုရရှိခဲ့ပြီး အိုက်ဗရီကိုစ့်နိုင်ငံကြီး ငြိမ်းချမ်းသွားပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာတော့ သူရဲကောင်းကြီး ဒီဒီယာ ဒရော့ဘာဟာ  “အိုက်ဗရီကိုစ့်နိုင်ငံမှာ နောက်ထပ် တစ်ဖန် မွေးဖွားလာတယ်လို့ ထင်ရအောင် ပျော်ရွင်ဝမ်းသာ ခံစားမိတယ် ” ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒရော့ဘာ ချဲလ်ဆီးအသင်း၏ သူရဲကောင်းအဖြစ် ယနေ့တိုင် သတ်မှတ်ခြင်းခံထားသူဖြစ်သူ ဖြစ်သလို အိုက်ဗရီကိုစ့်နိုင်ငံကို အလင်းရောင်တွေ ပေးခဲ့တဲ့ သူရဲကောင်ကြီးအဖြစ်နဲ့ အမြဲရှိနေတော့မှာ ဖြစ်ပါတယ်။


02 Jul 2019     1,529 Views




RELATED

Most Popular of Football

Most Popular of Sport