မက်စီ မကယ်နိုင်တဲ့ အာဂျင်တီးနား ဆီးမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရ
03 Jul 2019 1,938 Views

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ရလဒ်
ဘရာဇီးလ် ၂-၀ အာဂျင်တီးနား
ဂျီးဆပ်စ် ၁၉ မိနစ်
ဖာမီနို ၇၁ မိနစ်
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲ (၅)ကြိမ်မှာ (၄)ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ဘရားဇီးလ်အသင်းနှင့် တွေ့ ဆုံခဲ့ပြီး ဆီးမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပဲ မက်စီ ကိုယ်တိုင်လည်း အာဂျင်တီနားအသင်းမှာ အမြဲရုံးကန်ခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါမေရိကဗိုလ်လုပွဲကို ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ် (၂၀)မြောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ဖိုင်နယ်သို့ စောစီးစွာ တက်ရောက်သွားပြီ ဖြစ်တာကြောင့် ဖိုင်နယ်မှာ ပီရူး နှင့် ချီလီ တို့ပွဲမှ နိုင်တဲ့အသင်းနှင့် ဖိုင်နယ်မှာ ကစားသွားရမှာဖြစ်ပါတယ်။






