BEC-TERO TV

၂ နှစ်သမီးလေး မိကျောင်းကန်ပေါ် တွယ်တက်ရာမှ မိကျောင်းအစာဖြစ်သွားရရှာ

03 Jul 2019     2,303 Views


အသက် ၂ နှစ်အရွယ် သမီးငယ်လေးဟာ မိသားစုနေအိမ်တွင် မွေးမြူထားတဲ့ မိကျောင်းများထားရာ ကန်အတွင်းသို့ ပြုတ်ကျခဲ့ပြီးနောက် မိကျောင်းစာဖြစ်ကာ သေဆုံးခဲ့တဲ့ ကြေကွဲစရာအဖြစ်ပျက်တစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
 
 
ကမ္ဘောဒီယားနိုင်ငံ Siem Reap ဒေသရှိ “Rom Roath” ဆိုသူ ၂ နှစ်သမီးလေးက အိမ်မှာမွေးထားတဲ့ မိကျောင်းများထားရာ ခြံဝင်းကို ကလေးတို့ ဘာသာဘာဝ တွယ်တက်ဆော့ကစားပြီးနောက် မိကျောင်းကန်ထဲ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
 
ကလေးရဲ့ မိခင်ဖြစ်သူဟာ မွေးကင်းစ ကလေးငယ်လေးကို ဂရုစိုက်နေရတာကြောင့် အစပထမပိုင်းမှာ ကလေးပျောက်နေတာကိုတောင် မသိခဲ့ဘူးလို့ ရဲအဖွဲ့က ဆိုပါတယ်။ ယောက်ျားဖြစ်သူ အိမ်ပြန်ရောက်လာပြီး သမီးလေးကို မတွေ့ရတော့မှ ကလေးပျောက်နေကြောင်း သိလိုက်ရပါတယ်။
 
 
အဲဒီနောက် မိကျောင်းကန်ထဲမှာ မသင်္ကာဖွယ်ရာတွေ့လိုက်တာကြောင့် ဆင်းကြည့်လိုက်ချိန်မှာ သမီးလေးက မိကျောင်းစားခံထားရပြီး ဦးခေါင်းခွံရိုးသာကျန်တော့တောကို ထိတ်လန့်ခြောက်ခြားဖွယ်ရာ တွေ့လိုက်ရပါတယ်။
 
 

03 Jul 2019     2,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS