BEC-TERO TV

MPT U-14 Football Tournament ပြိုင်ပွဲတွင် အသက်လိမ်လည်ပြီး ပါဝင်သူ ၁၆ ဦးခန့်တွေ့ ရှိ

04 Jul 2019     1,453 Views


ဇူလိုင်လ ၄ ရက်၊ ယနေ့တွင် စတင်ကျင်းပတော့မည့် MPT U-14 Football Tournament 2019 (မန္တလေး) ဇုန် ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုရာ ပြုလုပ်ခဲ့ရာ ကစားသမား ၁၆ ဦးခန့် အသက်ကျော်လွန်နေတယ်လို့ စစ်ဆေးတွေ့ ရှိရတယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင် အသင်း ၁၂ သင်းမှ ကစားသမားများကို  ပထမအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်တဲ့ အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်၍  ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ထိုနောက် အသက်စစ်ဆေးမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးမှ ဦးဆောင်စစ်ဆေးခဲ့ပြီး ကစားသမား ၄၃ ဦးအနက် ၁၆ ဦးမှာ အသက်လိမ်လည်ပြီး ပါဝင်ခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT U-14 Football Tournament များကို  မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်းဖြစ်ပြီး အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် ၂၀၁၈ ခုနှစ် ပြိုင်ပွဲမှ စတင်၍ အသက်စစ်ဆေးမှုများ ပြုလုပ်ခြင်း ဖြစ်ပါတယ်။

MPT U-14 Football Tournament 2019 (မန္တလေး) ဇုန် ပြိုင်ပွဲကို ဇူလိုင်လ ၄ ရက်မှ ၁၂ ရက်အထိ မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် တစ်ရက်လျင် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

 


04 Jul 2019     1,453 Views




RELATED

Most Popular of Football

Most Popular of Sport